၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှု
မုံရွာ၊ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၆ ရက်၊ နံနက်ပိုင်း တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင် ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လေရှီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမောင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတပြပြီးနောက် လေရှီးမြို့ရှိ မြို့မိမြို့ဖများနှင့် နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ မှ လေရှီးမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှုလုပ်ငန်း အခြေအနေ များအား ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က နာဂဒေသအနေဖြင့် မိမိတို့ ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများမြင့်မားလာမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် မိမိဒေသအတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိ၏တာဝန် ကျေပွန်ရန်နှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားကာ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မြို့မိမြို့ဖများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြေားခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ထံ ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မြို့နယ်ရဲ တပ်ဖွဲ့နှင့် တာဝန်ရှိသူများထံ ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထံ ငွေကျပ် ၁၀ သိန်းတို့အား အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည် သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများအား တာဝန်ရှိသူများနှင့် အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာ ဝန်၊သူနာပြုဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။
မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၄၄ ဦး ကျော်အား လေရှီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင် စာသင်ခန်းများတွင် စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ထံ စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ကျပ်သိန်း ၅၀၀ နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ တမံသီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် တန်းပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ ၅၄ ဦးအား စခန်းသွင်းသင်ကြား နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးထံ စခန်း သွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ကျပ်သိန်း ၃၀၀ နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့၊ ထမံသီကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်သူများငါးစားသုံးမှုဖူလုံစေ ရန်နှင့် ငါးသယံဇာတပေါများရေးအတွက် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ခြင်း အခမ်း အနားသို့ တက်ရောက်ပြီး ချင်းတွင်းမြစ်အတွင်း ၂ လက်မအရွယ်ရှိ ထိုင်းငါးခုံးမကြီး ၅၀၀၀၀ (ငါးသောင်း)ကောင်အား ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးအား ပြန်လည်ဖြေဆိုကြမည့် စစ်ကိုင်းမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူများ စိတ် အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက် ပညာရေးတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများအား
မုံရွာ၊ မေ ၅
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ် ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃)မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာ များမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် စစ်ကိုင်းမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၅၀၀ ဦးကျော်အား ပညာရေးတက္ကသိုလ် (စစ်ကိုင်း)၌ စခန်းသွင်းသင်ကြားပေးလျက်ရှိရာ မေလ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆိုပါ တက္ကသိုလ်ရှိ အစည်း အဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား ပြန်လည်ဖြေဆိုကြမည့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်း သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများနှင် ကျောင်းသား/ ကျောင်းသူများ စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်နေထိုင်ရေး အဆင်ပြေမှုရှိစေရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးထားရေးနှင့် လိုအပ်သည်များအားလုံးကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပညာရေးတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ကျောင်းသား/ကျောင်းသူများ၏ အိပ်ဆောင်များတွင် နေထိုင်ရေးနှင့် ကျွေးမွေးရေး လုပ်ငန်းများဆောင်ရွက်နေကြသည့် ဆရာ/ဆရာမများက မိမိတို့ဆောင် ရွက်နေသည့် စီမံအုပ်ချုပ်မှုကိစ္စရပ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ မြို့မစေျးကြီးအတွင်းရှိ စေျးရုံများထိခိုက်ပျက်စီးခဲ့ရာ စေျးရောင်းစေျးဝယ်များ လုပ်ငန်းများအမြန်ပြန်လည်ပတ်စေရေးအတွက် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အလျား – ၈၀ ပေ၊ အနံ – ၆၀ ပေရှိ စေျးရုံ ၆ ရုံ တည် ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်သွားရေးတို့ အားမှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ် ကမ်းနားလမ်းတစ်လျှောက်ရှိ လျှောက်လမ်း နှင့်လက်ရမ်းများ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ပြုပြင်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးကာ ကမ်းနားလမ်း တစ်လျှောက် အားအများပြည်သူများ အပန်းဖြေအနားယူနိုင်သည့် နေရာဖြစ်စေရန်အတွက် အမြဲသန့် ရှင်းသပ်ရပ်ကာ လှပမှုရှိစေရေးနှင့် ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေ ရေးတို့အား တာဝန်ရှိသူများမှ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် စစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် အတွက် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ဧရာဝတီမြစ်ရေအားသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှု များအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



