၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
မုံရွာမြို့ရှိပြည်သူများ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်ကောင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိ
မုံရွာ ဧပြီ ၁၅
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ ပြည်သူများသည် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့၌ ကုသိုလ်ကောင်းမှုများ ဆက်လက်ပြုလုပ်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို ကျင်းပလျက်ရှိသည်။
၁၃၈၆ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်အကြတ်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့ရှိ ရွေစည်းခုံစေတီတော်မြတ်ကြီး၊ ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးနှင့် ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးအပါအဝင် ဘုရား၊ ကျောင်း၊ ကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ကုသိုလ်ဒါနပြုဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဒေသနာတော်များရရှိစေရန် မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် တရားရိပ်သာတရားစခန်းများ၌ တရားထိုင်ခြင်း၊ စတုဒီသာများ ကျွေး မွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။
မဟာသင်္ကြန်အကြတ်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကန်သာယာကန်၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ငါးမြစ်ချင်းများကို ကန်သာယာကန်အတွင်းသို့ ကုသိုလ်ဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။
ထို့ပြင် ကန်သာယာကန် တစ်လျှောက်ရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၄)ခုတို့တွင် ပြည်သူများအား စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် ဓလေ့အားသရုပ်ဖော်မှုတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအား စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ အေးသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခဲ့ကြသည့် ပြည်သူများအား စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းကို ကြည့်ရှုအားပေးပြီး ပြည်သူများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးခဲ့ကြသည်။
ထို့အတူ မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ခုနစ်ရက်သားသမီးအလှူရှင်များမှလည်း စတုဒိသာကျွေးမွေးခြင်းများ၊ ရေလောင်းရေပက်ခံကြသည့်ပြည်သူများ စည်းကားများပြားလျက်ရှိကြောင်းသိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်မြတ် ကြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် အရှေ့ဘက် ကန်သာယာကန်အတွင်း ငါးလွှတ်ပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးအား ဖူးမျှော်နိုင်ရန်အတွက် ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ အရှေ့ဘက်ကန်သာယာကန်ရှိ အဆိုပါစေတီတော်ကြီးနှင့် ရင်ပြင်ပတ်ဝန်းကျင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ စေတီတော်ကြီးအား ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်ပတ်ဝန်းကျင်အား စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီးစုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များမှ မြို့သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှေ့ဘက်ကန်သာယာကန်၌ ကျင်းပြုလုပ်သည့် ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်ဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဝင်များနှင့်အခမ်း အနားသို့ တက်ရောက်လာသူများမှ အရှေ့ဘက်ကန်သာယာကန်အတွင်းထိုင်းငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၃ သောင်းအား လွှတ်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



