၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပ
မုံရွာ၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅)ကို ဧပြီလ ၁၁ ရက်နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ဝင်ရောက်လာစေရေးအတွက် ကော်မတီအဖွဲ့ဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-ခုနှစ်၊ မတ်လအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေအနေ များနှင့် အန်စီဝိုင် အင်တာနေရှင်နယ် ကုမ္ပဏီလီမီတက်၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ပြင်ဆင်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ တို့သည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများနှင့် ရုံးအဆောက်အဦများ ပြိုကျပျက်စီးနေမှု များနှင့် ပြန်လ
မုံရွာ၊ ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီတော်ကြီး၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာ စေတီဆင်များရှင်စေတီတော်ကြီး၊ တကောင်းရပ်ကွက်ရှိ မဟာစေတီတော်ကြီးများရှိ စေတီတော်ကြီးများနှင့် သာသနိကအဆောက်အဦများ ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များမှ ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် အဆိုပါစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်ဖယ်ရှားရှင်းလင်းရေး လုပ် ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်း ရှင်းအောင် ဆောင်ရွက်သွားကြရန်နှင့် ဆယ် တင်ပစ္စည်းများအား စနစ်တကျသိမ်းဆည်းသွားကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ထူပါရုံနှင့် ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်း ဆောင်အဆောက်အဦများ ပြိုကျပျက်စီးနေမှုများနှင့် ပြန်လည်ဖယ်ရှားရှင်းလင်းနေမှု များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမ များအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၉ ရက်၊ ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ငလျင်ဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်းများ လက်ခံရေးဌာနသို့ ရောက်ရှိရာ ပြည်တွင်း/ပြည်ပမှ ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်တဲများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိစုပုံထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ကယ်ဆယ် ရေးပစ္စည်းများအား ငလျင်ဘေးဒဏ်သင့် ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးဖြင့်အမှန် တကယ်ရောက်ရှိရေးတို့အား တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ငလျင်ဘေးသင့်ပြည်သူများ အတွက် ယာယီနေအိမ်များ ဆောက်လုပ်နေမှုများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် မီးသက်တပ်ဖွဲ့ရုံး အဆောက်အဦပြိုကျပျက်စီးမှုနှင့် ပြန်လည်ဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင် ကားကြီးများနှင့် တွဲကားကြီးများ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက်ကူတို့ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



