slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်များ အားစာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄-ခုနှစ်၊ ပါဠိပထမ ပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်များအား စာအောင်ဆုနှင့် အောင် လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မတ်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ မဟာဇောတိကရာမကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ ပါဠိပထမ ပြန်စာမေးပွဲ ကြီးကြပ်ရေးဉက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံ မှတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျယ်ချီးမြင့် တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များအား နာယူကြည်ညိုပြီး ပင့်သံဃာဆရာ တော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပါဠိပထမပြန်စာမေးပွဲ၌ တစ်ပြည်လုံး ပထမငယ်တန်း(တတိယ) သံဃာ ၁ ပါး၊ အခြေပြုမူလတန်း(တတိယ) သံဃာ ၁ ပါးနှင့် ရိုးရိုးစာအောင် သံဃာ ၁ ပါး တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမ ငယ်တန်းနှင့် အခြေပြုမူလတန်းစာမေးပွဲအောင် သံဃာများအား စာအောင်လက်မှတ် နှင့်လှူဖွယ်ဝတ္ထုများအား လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၏ဇနီးများက ပထမကြီးတန်း၊ ပထမလတ် တန်း၊ပထမငယ်တန်းနှင့် အခြေပြုမူလတန်းစာမေးပွဲအောင် သီလရှင်များအား စာအောင် လက်မှတ်နှင့်လှူဖွယ်ဝတ္ထုများအား အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကရာမကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဉက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမော ဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြ ပြီး“ဗုဒ္ဓသာသနံ စိရံ တိဠတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကြီးတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်မြို့နယ်များမှ ပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်း စာမေးပွဲအောင် ၁၃ ပါး၊ ပထမလတ်တန်း စာမေးပွဲအောင် ၂၆ ပါး၊ ပထမငယ်တန်း စာမေးပွဲအောင် ၉၂ ပါး၊ အခြေပြုမူလတန်း စာမေးပွဲအောင် ၃၁၄ ပါး၊ စုစုပေါင်း စာအောင်သံဃာ၊သီလရှင် ၄၄၅ ပါးတို့အား လှူဖွယ်ပစ္စည်း များနှင့် ဝတ္ထုငွေ ကျပ် ၁၃၈၇၀၀၀၀ (တစ်ရာသုံးဆယ် ရှစ်သိန်း ခုနှစ်သောင်း) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20250325 20

20250325 20

20250325 20

20250325 20

20250325 20

20250325 20

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ် ချီးမြှင့်

မုံရွာ၊ မတ် ၂၁

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာန ဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင် ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်း အနားကို မတ်လ ၂၁ ရက်၊နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီး အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်း နှီးနှီးလိုက်လံ မိတ်ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၉၇၇ ဦးအား အဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီး ဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

20250325 14

20250325 14

20250325 14

20250325 14

20250325 14

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.