slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာပေါ်တွင်ရှိသည့် အပင်နှင့် တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် ကောင်းမွန်တည်မြဲသည့် ဂေဟစနစ်သည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ စားရေရိက္ခာများ ရရှိမှုနှင့်ထုတ်လုပ်သည့်နည်းလမ်းများ သည်သဘာဝပတ်ဝန်းကျင် အခြေခံများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်လျက်ရှိပါကြောင်း၊ ဂေဟစနစ်များတည်ငြိမ်ကောင်းမွန်ပြီး ရာသီဉတုမျှတကောင်းမွန်မှသာ စိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်ရေးများ အောင်မြင်ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဖိုးတန်သစ်တော သယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုအား အထောက် အကူပြုစေရန်အတွက် မြန်မာ့သစ်တော မူဝါဒနှင့်အညီ သစ်တော များအား စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့်ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အပြည် ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းဖတ်ကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ် တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် မုံရွာစီးပွား ရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာဂေါက်ကွင်းမှ တာဝန်ရှိ သူတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်း အမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ပိုစတာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

20250325 08

20250325 08

20250325 08

20250325 08

20250325 08

ဗန်းမောက်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း (၉၅၀)တန်ဘိုးရှိဓါတ်မှန်စက်ပေးအပ်လှူဒါန်း

ဗန်းမောက် မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်း သားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော် ယနေ့ နံနက်ပိုင်းက ဗန်းမောက်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ငွေကျပ်သိန်း (၉၅၀) တန်ဖိုးရှိ ဓါတ်မှန်စက်ပေးအပ် လှူဒါန်းပွဲ အခမ်းအနား တက်ရောက် သည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားရာ၌မြို့နယ်အတွင်း လာရောက်ဆေးကုသမှုခံယူမည့် ပြည်သူများအား လွယ်ကူစွာကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် လုပ်ငန်းရှင် အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် ငွေကျပ်သိန်း (၉၅၀)တန်ဘိုးရှိ ဓါတ်မှန်စက် လှူဒါန်းပေးအပ်နိုင်မှုအား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လုံခြုံရေး ဆောင်ရွက်နေမှုများ လိုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲမွန်အောင်၊ SNA တပ်မဟာ (၆၁၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဝစ်လုံဆေးကောင်းဆိုင် နှင့် အလှူရှင်များကိုယ်စား ဦးလူအောင်တို့က လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စကားများပြောကြားကြသည်။

ဆက်လက်၍ မြို့နယ်ပြည်သူများကိုယ်စား မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် SNA တပ်မဟာ (၆၁၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဝစ်လုံဆေးကောင်းဆိုင်က ဓါတ်မှန်စက်အားပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်က ဗန်းမောက်မြို့၊ မြို့မအခြေခံအလယ် တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး စာမေးပွဲဖြေဆိုနေ သည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှု အားပေးပြီး စာမေးပွဲဖြေဆိုပြီးပြန်ထွက်လာသည့် ကျောင်းသားကျောင်းသူများအား အချိုရည်ဗူးများကုသိုလ်ပြု ဝေပေးခဲ့ကြကြောင်း သိရသည်။

20250325 01

20250325 01

20250325 01

20250325 01

20250325 01

20250325 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.