၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်၊ပေါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာများနှင့် တွေ့ဆုံပွဲအခမ်း အနားနှင့် ကလေး ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်
မုံရွာ၊ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် ကလေးတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ / ဆရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းလတ်က ကလေးတက္ကသိုလ်၏ ပညာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါမောက္ခ/ဌာနမှူးများက တက္ကသိုလ်၏ လိုအပ်ချက်များအား ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြော ကြားပြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ဆရာများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဒုတိယပါမောက္ခချုပ်ထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်(ကလေး)ရိပ်သာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးခရိုင်အတွင်းရှိ မြို့နယ် များ၌ Gread-12 ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး တာ ဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း အခြေခံပညာကျောင်းများအနီး အသံဆူညံမှုများမဖြစ်စေရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အဖြေလွှာများစနစ်တကျသိမ်း ဆည်းရေးနှင့် စာဖြေဌာန များအလိုက် လုံခြုံရေးအသိ၊သတိတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ ကလေးခရိုင်အတွင်း Gread-12 စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး မိမိတို့ဌာနများအလိုက် ကြိုတင်စီမံ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအားအသီးသီးဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့မိ မြို့ဖများ၊ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်း အနား တက်ရောက်
မုံရွာ၊ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၅ နံနက်ပိုင်း တွင် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စိုးတင့်က ကလေးခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံတောင်သူ ၃၀၀ အတွက် ယူရီးယားဓါတ်မြေဩ ဇာ ၃၀၀ အိတ်အား ကျေးရွာများမှတာဝန်ရှိသူများထံ ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ထမ်းဆောင်နေများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်း ကောင်း အသီးသီးပေးအပ်ချီးမြှင်ခဲ့ကြပြီး အခမ်း အနား သို့တက်ရောက်လာသည့် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးခရိုင်အတွင်းလုံခြုံတည်ငြိမ်ရေး၊တရားဉပဒေစိုးမိုးရေး၊ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။
ကလေးခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နေကြာသီးနှံ ၇၁၅၅၇ ဧက စိုက်ပျိုး လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အင်ဒိုင်း ကြီးကျေးရွာ၊ ဦးအောင်ဖြိုးပါ တောင် သူ ၆ ဦး စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ခင်း ဧက ၆၀ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး နေကြာစိုက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



