၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ကန့်ဘလူမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လိုက်လံကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူမှ အားကစားကွင်းအတွင်းရှိ ဘောလုံးအားကစားကွင်း၊ ပြေးခုန်ပစ်အားကစားကွင်း အဆင့် မြှင့်တင်ရေးလုပ်ငန်းများ ဆောင် ရွက်သွားမည့် အခြေအနေများနှင့် ပွဲကြည့်စဉ်များ ကြံ့ခိုင်မှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အင်ကြမ်းဥယျာဉ်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူမှ ဥယျာဉ် အတွင်း အင်ကြမ်းကျောက်များ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ဥယျာဉ်အတွင်းအပန်းဖြေ နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အင်ကြင်းဥယျာဉ်အတွင်း လုပ်ငန်းများဆောင် ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဥယျာဉ်အတွင်း လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ခုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံကြီးအတွင်းရှိ ဓါတ်မှန်ခန်း၊ ဓါတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနေကြသည့် ကန့်ဘလူမြို့နှင့်အနီး ဝန်းကျင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူမြို့၊ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ ဆေးရုံကြီးအတွက် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးက စီမံ/အုပ် ချုပ်/ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ကန့်ဘလူမြို့နယ်ရှိ စိုက်ပျိုးရေး/မွေးမြူရေး လုပ် ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီး ပရိယတ္တိစာတိုက်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်တော်၊ ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသ နာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-မြေထူး ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားရှိသည့် သီးနှံ များ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် ဓါတ်မြေဩဇာများ စနစ်တကျ ထည့်သွင်းစိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကင်းတပ် လက်ဝဲ တူးမြောင်း လက်တံအမှတ်(၃)၊ အမှတ်(၄)၊အမှတ်(၅)မြောင်းတို့မှ စိုက်ပျိုးရေဖြန့်ဝေမှုများဖြင့် မြောင်းဘောင်တစ်လျှောက် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထားရှိသည့် မိုး စပါးစိုက်ခင်းများ၊ ငဲစဉ်းငုံစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုး သည့်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကင်းတပ်လက်ဝဲတူးမြောင်းမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု၊ သာယာတဲစုကျေးရွာရှိ ကန်ဧရိယာ (၃၆.၈၈)အတွင်း မွေးမြူရေးလုပ် ငန်းရှင် ဦးသန်းလိူင် မွေးမြူထားရှိသည့် ငါးတန်၊ ငါးမုတ်၊ ငါးမြစ်ချင်း စုစုပေါင်းကောင်ရေ – ၇၅၀၀၀ ကောင်မွေးမြူရေးကန်သို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ကန်များအတွင်း ငါးမွေး မြူထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချူပ်က ဒေသ ခံပြည်သူများ ငါးစားသုံးမှုဖူလုံပြည့်ဝစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချသွားရေးနှင့် ငါး များတိုးချဲ့မွေးမြူသွားရေးတို့အား တာဝန်ရှိသူများများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူ-တောက္က ရှပ်ကျေးရွာ ကားလမ်းဘေးဝဲ/ယာရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် မိုးသီးနှံ မြေပဲ၊ ပဲစဉ်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးရွှေ၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ မွေးမြူရေးလုပ်ငန်းရှင်မှ ဥစားကြက်များမွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးအစည်းအဝးခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ ကျန်းလှမြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ကန့်ဘလူခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာန ဆိုင်ရာများမှ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာ ရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သွားသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေ ဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီး စီးရေး၊ ရရှိထားသည့် ဘဏ္ဍာရန်ပုံငွေများ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် နေရာများတွင် စနစ်တကျသုံးစွဲသွားရေးနှင့် တာဝန်ရှိသူများမှ တည်ဆောက်လုပ်ငန်းများအား မြေပြင်အထိကွင်းဆင်းကြီးကြပ် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကန့်ဘလူခရိုင် အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့စိုက်ပျိုး၊မွေးမြူလုပ်ကိုင်လာစေရန် စိုက်ပျိုးရေးတောင်သူများနှင့် မွေးမြူ ရေးလုပ်ငန်းများအား ဌာနဆိုင်ရာများမှ အသိပညာများပေး ကာ စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေ ဖြင့်လည်း ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လိုအပ် သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



