၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်း အမှတ်အခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မတ်လ(၈)ရက် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက နိုင်ငံတကာ အနေနဲ့ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်အမှတ်(၅)မှာ ဖော်ပြပါဝင်တဲ့ ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကား မြင့်မားရေး ပန်းတိုင်ဟာ အမျိုးသမီးများရဲ့ ပါဝင်မှု ရာခိုင်နှုန်း မြှင့်တင်ရေးအတွက် တိကျခိုင်မာတဲ့ ရည်ရွယ်ချက် တစ်ခုဖြစ်သောကြောင့် မိမိတို့ တိုင်းဒေသကြီး အနေဖြင့် ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတော်အသွင်ကူးပြောင်း ကာလအတွင်းမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မားတိုးတက်စေဖို့ တန်းတူအခွင့်အရေး ရရှိစေဖို့အတွက် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ကြဖို့ တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်မှပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သမိုင်းမှတ်တိုင်များ အား VideoClip ဖြင့်ပြသမှုနှင့် အမျိုးသမီးငယ်လေးများ၏ ဗိုလ်ရှုသဘင် သီချင်း၊ ရွှေဘိုသနပ်ခါး၊ လောကအားမာန်သီချင်းတို့ဖြင့် ကပြဖျော်ဖြေမှုတို့အားတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ကပြဖျော်ဖြေသည့်အမျိုးသမီးငယ်လေးများအား ဆုချီးမြှင့်ပွဲကျင်းပရာဗိုလ်ရှုသဘင် သီးချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော မဆုရတီမောင်အား စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက လည်းကောင်း၊ရွှေဘိုသနပ်ခါးသီချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်း သူလေးများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းကလည်းကောင်း၊လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်း သူလေးများအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း တို့က အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။



စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီတော်မြတ် ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေက ဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီ တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲမင်္ဂလာနှင့် ဗုဒ္ဓါဘိသေ ကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မတ်လ ၈ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီ တော်ကြီးရင်ပြင်တွင် ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာ ရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့်ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီး များက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းကြသည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများမှ ရွတ်ပွားသရဇ္ဇျယ်ချီးမြင့်တော်သည့် ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆု တောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များအား ထမင်း/ဟင်းနှင့် သစ်သီးပွဲများ ဧည့်ခံ ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး စေတီတော်ကြီးအား လက်ယာရစ်တစ် ပတ်ဖူးမျှော်ကြည်ညိုခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



