slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့တွင် အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများကုသပေးနေမှု ကြည့်ရှုအားပေး

မုံရွာ၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူတပ်နယ်မှူး၊ ကန့်ဘလူ ခရိုင်/မြို့နယ် ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၃ ရက်၊ နံနက် ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ များမှပြည်သူများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မျက်စိ၊ သားဖွားမီးယပ်နှင့် ကလေးအထူးထု ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန် ထမ်းများမှ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်း ကုသပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက လာရာက်ဆေးကုသမှု ခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက်စကားများ ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စားသောက်ဖွယ် ရာများ ဝေငှပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမ အတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက် ဆိုင်ရာရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း၊ သား ဖွားမီးယပ်၊ ကလေးနှင့် အထွေ ထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွား မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မျက်စိလူနာ ၅၂၂ ဦး၊ သားဖွားမီးယပ်လူနာ – ၃၈ ဦး၊ ကလေးလူနာ ၅၀ ဦးနှင့် အထွေထွေရောဂါလူနာ ၁၀၀ ဦး စုစုပေါင်းလူနာ ၇၁၀ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

20250223 01

20250223 01

20250223 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ မီးရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ် ဆေး

မုံရွာ၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး နှင့်ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်စေရေးတို့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ လူစည် ကားရာနေရာဖြစ်သည့် သာစည်လမ်းနှင့် ပြည်ထာင်စု ဈေးကြီးကြားရှိ မီးရထားသံလမ်း တစ်လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့် ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစု ပေါင်းအင်အား ၁၁၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်း ဆောင် ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စု ဈေးကြီးအနီး လယ်တီရေကန်အား အဆင့်မြှင့်တင်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က လယ်တီကန်ပတ်လမ်း အရှည်- ၂၄၇၇ ပေ၊ အကျယ် – ၁၄ ပေအား ကတ္တရာခင်းခြင်း၊ ကျောက်ရိုးစီတာဘောင်နှင့် စတီးလက် ရမ်းဆောင်ရွက်ကာ ပန်းအလှ ပင်ကြီးများစိုက်ပျိုးပြီး ပြည်သူများအပန်းဖြေအနားယူနိုင်စေရန် ဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလယ်တီ ကန်ကြီးအနီးရှိ ရပ်ကွက် ပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် အပန်းဖြေအနားယူနေနိုင်ရေးအတွက် တည် ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်း မွန်စွာဖြင့်တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများ လုပ်ငန်းခွင်သို့အချိန်မီရောက်ရှိ ရေးတို့အားမှာကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကန်ပတ်လမ်းထိန်းကျောက်ရိုးစီတာ ဘောင်တည် ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20250224 06

20250224 06

20250224 06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.