၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်းအမှတ်စဉ် (၇/၂၀၂၅)သင်တန်းဆင်း ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအားအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးတက်ကာ ကလေးအလုပ်သမားပပျောက်ရေးအား အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ဖွံဖြိုး ဆဲနိုင်ငံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းနှင့် မိသားစုဝင်ငွေ ရှာဖွေနိုင်မှုနည်းပါးခြင်းသည် ကလေးအလုပ်သမားများ ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများဖြစ်ခြင်းကြောင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအား အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေးကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုအလိုက် ဝင်ငွေတိုးတက်ရရှိရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့် အလမ်းများ ဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချခြင်းတို့အား အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြမှသာ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့်နည်းပညာ ရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကာ သင်တန်းမှ လေ့ ကျင့်သင်ကြားပေးသည့် ပညာရပ်ဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်များရရှိပြီး မိမိတို့ဘဝ လုံခြုံမှုအတွက် အထောက်အပံ့ကောင်းများရရှိလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းထံ ငွေကျပ် – ၃၂၁၆၄၀၀ (သုံး ဆယ်နှစ်သိန်းတစ်သောင်း ခြောက်ထောင်လေးရာကျပ်)နှင့် သင်တန်းနည်းပြထံ ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသူများကိုယ်စား သင်တန်းသူ ၂ ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်များ နှင့်သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ်ပြီးဌာနတွင်း အခြေခံသင်တန်းများအား ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၂၇ ကြိမ်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၄၉၁ ဦးအား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများအား ပြည်သူလူထုသို့ ပြန်လည်ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးအတွက် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်အကျိုးပြု နိင်မည်ဟု ယုံကြည်ပါကြောင်း၊ ပို့ချပေးလိုက်သည့် သင်ခန်းစာများအား သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် အသုံးချကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား အသိစိတ်ဓာတ်ရှိရှိဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးအောင်ဇော်မြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်ပြီးစီးမှုအခြေအနေအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ကြသည်။
ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက သင်တန်းသား၊သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝန်းရှိအတွင်းရှိ လေ၊ ရေ၊ မြေ တိုင်းတာစစ်ဆေးရေးစက်ကိရိယာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ မြေ ၃၀ ဧကအကျယ်တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ အားလပ်ရက်များတွင် အပန်းဖြေအနားယူနေနိုင်ရန်အတွက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဉယျာဉ်တည်ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြည်သူ့ဥယျာဉ်မျက်နှာစာ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ အုတ်စီ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ အခြေခံအလွှာပြုပြင်ခြင်းလုပ်ငန်းနှင့် မုခ်ဦးတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်လုပ်ငန်းများ သတ်မှတ် ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



