slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်း များနှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါ ရီလ ၁၉ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ် ဖြင့်တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ အခြေ ခံပညာကျောင်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုကြမည့် ကျောင်းသား‌ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲများအောင်မြင်စွာဖြေဆိုနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာမေးပွဲများဖြေဆိုနေချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ အဖြေ လွှာမေးခွန်းများအား သတ်မှတ်ရက်တွင် သက်ဆိုင်ရာမြို့နယ်များသို့ အချိန်မီရောက်ရှိ ရေး၊မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံ ရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေ ခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မိမိတို့ခရိုင်များအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး လုပ် ငန်းများ စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

20250221 01

20250221 01

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ် ပိုင်ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ ဆုံ

မုံရွာ၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများ ၊ဘဏ်များ၊ ကိုယ်ပိုင် ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မုံရွာမြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်း အဖွဲ့များနှင့် ဘိုးဘွားရိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်ချောမွေ့စေရေးနှင့် လူမှုကူညီရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် ယခုတွေ့ဆုံပွဲအား ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် မကြာမီ နှစ်ဆုံးအတန်းစဉ်ကူး ပြောင်းမှုစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြတော့မည်ဖြစ်ပါ၍ မိမိတို့ ကျောင်းများအလိုက် အောင်ချက်မြင့်မားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း နွေရာသီကျောင်းပိတ်ရက် တွင်ကျောင်းသား/သူများအတွက် အကျိုးပြုမည့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားသွားရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်သူများ အသက် ရှည်ကျန်းမာသန်စွမ်းကာ ဘဝရပ်တည်နိုင်ရေးအတွက် ဆရာဝန်များနှင့် ကျွမ်းကျင်းသူ များသည် အားကိုးအားထားရာ ဖြစ်ပါကြောင်း၊ ဆေးရုံသို့လာရောက်ကုသကြသည့် ပြည်သူများအား နွေးထွေးပျူငှာစွာဖြင့် စေတနာထားကာ ကုသသွားကြရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်သူများ ၏ ငွေသွင်း၊ငွေထုတ်လုပ်ငန်းများတွင် မြန်ဆန် ချောမွေ့‌ စေရန် စိတ်စေတနာကောင်းများဖြင့် ဝန်ဆောင်မှုပေး သွားကြရန် လိုအပ်ပါကြောင်းနှင့် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဘဏ်လုပ်ငန်းများဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်လည်း ပြည်သူများ၏လူမှုကူညီရေး လုပ်ငန်း များဆောင်ရွက်ရာတွင် မိမိအသက်အား ပဓာနမထားဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ခဲ့ကြသည်ကို ကြားမြင်သိရှိရသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ရှိပါကြောင်း၊ မုံရွာမြို့ရှိ ဘိုးဘွားရိပ်သာများ၌ အဘိုး၊ အဘွားများ နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲသို့တက်ရောက်လာသူများ အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ငွေကြေးကဏ္ဍနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် အားလုံးဝိုင်းဝန်းအဖြေရှာကာ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာ ဝန်ခံများက မိမိတို့ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားမှု၊သင်ယူမှုလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ခံများက မိမိတို့ဆေးရုံများအလိုက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ပုဂ္ဂလိကဘဏ်များမှ ဘဏ်မန်နေဂျာများက မိမိ တို့ဘဏ်များ၏ ငွေသွင်း/ငွေထုတ် လုပ်ငန်းများဝန်ဆောင်မှုပေးနေမှု အခြေအနေများ အားလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များအလိုက် လူမှုကူ ညီရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများက အဘိုး၊အဘွားများအား ကူညီစောင့်ရှောက်မှုပေးထားမှု အခြေအနေများအား လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

20250219 01

20250219 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.