၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသက်ပုံတို့် မန္တလေးငလျင်ကြောင့် စစ်ကိုင်းမြို့ရှိ စေတီနှင့်အဆောက်အဦများ ပြိုကျပျက်စီးမှုနှင့်ပြန်လည်ရှင်းလင်းဖယ်ရှားနေမှု များအားသွားရောက်ကြည့်ရှု
မုံရွာ၊ ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်း မြို့၊စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၊ သာသနိကအဆောက်အဦများနှင့် ဆောင်းတန်းများပြိုကျပျက်စီးခဲ့ရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ် ရှားနေမှု များအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် အဆိုပါစေတီတော်ကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ ၍ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ၊ ဆောင်တန်းများအား ပြန်လည်ဖယ် ရှားရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက် သွားကြရန်နှင့် ဆယ်တင်ပစ္စည်းများအား စနစ်တကျသိမ်းဆည်းသွားကြရန် လိုအပ်ပါ ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ရတနာသိင်္ဂီ သီလရှင်စာသင် တိုက် ၄ ထပ်အဆောက်အဦ ပြိုကျပျက်စီးမှုနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးနေမှုများနှင့် ပြန် လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသင့်ပြည် သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြိုကျပျက်စီးခဲ့သည့် တိုက်တာများအား ပြန်လည် ရှင်းလင်းဖယ်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းခရိုင် မီးသက်တပ်ဖွဲ့ရုံး အဆောက်အဦပြိုကျပျက်စီးမှု၊ ပြန် လည်ရှင်းလင်းဖယ်နေမှု၊ မီးငြိမ်းသက်မော်တော်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးမော် တော်ယာဉ်များ ရှင်းလင်းဖယ်ရှားထုတ်ယူနေမှုများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက် စီးခဲ့မှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ နန်းဦးမြို့သစ် ငလျင်ဒဏ်ကူညီရေးစခန်းသို့ ရောက်ရှိရာ ငလျင်ဘေးဒဏ်သင့် ပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေး ဆောင်ရွက် ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ဝန် ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာဧည့်ခန်း၌ ဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးမှူး(ယာယီ)၊ UNOCHA ဌာနေရုံးအကြီးအကဲနှင့် UNHCR ဌာနေကိုယ် စားလှယ်များနှင့်တွေ့ဆုံ၍ မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့အတွင်း ထိခိုက်ပျက်စီး ခဲ့သည့် လူနေအိမ်အဆောက်အဦများနှင့် ငလျင်ဘေးသင့်ပြည်သူများအား ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးရုံးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ ၊ စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူးတို့ဖြင့် သယ်ယူပို့ ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
မုံရွာ၊ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးရုံးချုပ် (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားသို့ ရောက်ရှိရာ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီးနှင့် အရန်စေတီ တော်များ၊ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးခဲ့ရာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှု အားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် အဆိုပါစေတီတော်ကြီး၏ ဩဝါဒစရိယ ဆရာတော်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် အရန်စေတီတော်များ၊ သာသနိက အဆောက်အဦများအား ပြန်လည်ဖယ်ရှားရှင်းလင်းရေးနှင့် စေတီတော်ပရဝဏ်အတွင်း၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်စေရေး စေတီတော်ကြီး ပတ် ဝန်းကျင်ရှိ မလိုအပ်သည့်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျှင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)တံတားကြီးနှင့်ချဉ်းကပ်လမ်းများ အပ်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါတံတားကြီးအား ကြံ့ခိုင်မှုများစစ် ဆေးနေစဉ်ကာလအတွင်း တံတားကြီးပေါ်သို့ ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီး မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပေးထားရာ ကုန်တင်ယာဉ်မော်ယာဉ်ကြီးများနှင့် စက်သုံးဆီ တွဲကားမော်တော်ယာဉ်ကြီးများ ဖြတ် သန်းသွားလာမှုအဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူတို့ဖြင့် သယ်ယူပို့ဆောင်နေမှုများနှင့် ဇက်ကူတို့အတက် အဆင်းလမ်းများ ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူတို့ ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဇက်ကူတို့ သယ်ယူပို့ဆောင်ရေးကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံကာ ကုန်တင်ယာဉ်ကြီးများနှင့် တွဲကားကြီးများပို့ဆောင်ရာတွင် အချိန် နှင့်တစ်ပြေးညီ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ လမ်းများပေါ်တွင် ယဉ်ကြောပိတ်ဆို့မှု များမဖြစ်စေရေးနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် အန္တရာယ်ကင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ သစ္စာစေတီ၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ ပိုး တန်းရပ်ကွက်ရှိ ထူပါရုံစေတီများနှင့် သာသနိကအဆောက်အဦများ၊ အရန်စေတီများ ပြိုကျပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြန်လည်ရှင်းလင်းဖယ်ရှား ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းခရိုင် မီးသက်ဦးစီးဌာနရုံး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာ များပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းများမှ စုပေါင်း၍ ပြန်လည်ဖယ်ရှားရှင်းလင်းပေး နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် မြန်မာ နိုင်ငံကြက်ခြေနီ အသင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံးတို့မှ ဧရာဝတီ မြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးကာ လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



