၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်တွင် ဆွမ်းကွမ်းအခက်အခဲမရှိစေရေး ဆွမ်းဆန်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်း
မုံရွာ၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက် များရှိ ဆရာတော်၊သံဃာတော်များနှင့်သီလရှင်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး အတွက် သီတဂူဆရာတော်ကြီးထံ ဆွမ်းဆန် ၅၀၀ အိတ်၊ စားသုံးဆီ ၅၀၀ ပိဿာ၊ ပဲ အိတ် ၃၀၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော် ကြီးများ၊ ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စားသောက်ဖွယ်ရာများလိုက်လံ ဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းခန်းမ၊ ရုံးခန်း၊ စာသင်ဆောင်များနှင့် ဝန်ထမ်းအိမ်များ ပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့် အဆောက် အဦများ ပြန်လည်ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆ ရာများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦများ တာဝန်ရှိသူများနှင့်အတူ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း ယာယီကယ်စခန်းရှိ ငလျင်ဘေး သင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားကာ ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများအတူ ထောက်ပံ့ပေးအပ်ကာ ကယ်ဆယ်ရေးပစ္စည်း များရောက်ရှိစုပုံထားရှိမှုနှင့် ယာယီဆေးခန်းဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ထူပါရုံ)၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲနှင့် ဇေယျာကွက်သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများသို့ သွား ရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦ များပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းမြို့ ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် ဌာနဆိုင်ရာအဆောက် အဦများပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ ဧပြီ ၃
စစ်ကိုင်းမြို့၌ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြားဘာသာရေးအဆောက်အဦများနှင့် လူနေအိမ်အဆောက်အဦများ ပြိုကျပျက်စီးမှု များဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဖြစ်စဉ်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ငလျင်လှုပ်ခတ်မှု ကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)တံတားကြီး ချဉ်းကပ်လမ်း များ အပ်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါတံတားကြီးအား ကြံ့ခိုင်မှုများစစ်ဆေးနေစဉ်ကာလအတွင်း တံတား ကြီးပေါ်သို့ ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပေးထားရာ ကုန်တင်ယာဉ်မော်ယာဉ်ကြီး များနှင့် တွဲကားမော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့ ရွှေကြက်ယက်မြစ်ကမ်းသို့ ဇက်ကတို့ဖြင့် သယ်ယူပို့ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ များအသုံးပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် သစ်သီးဝလံများ၊ ဟင်းသီးဟင်း ရွက်များ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဇက်ကတို့ဖြင့် နေ့စဉ်မော်တော်ယာဉ် ကြီးများအား အစီးရေများစွာသည်ယူပို့ဆောင်ရေး၊ ဇက်ကတို့ အတက်အဆင်းလမ်းအား ကောင်းမွန်အောင်ဆောင်ရွက်ရေးနှင့် သည်ယူပို့ဆောင်ရေးလုပ်များ ဆောင်ရွက်ရာတွင် အန္တရာယ် ကင်းရှင်းအောင်ဆောင်ရွက်ရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ဖြတ် သန်းသွားလာကြသည့် ကုန်တင်ယာဉ် ယာဉ်မောင်းများအား လမ်းခရီးအခြေအနေများနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ရင်းရင်းနှီးနှီးမေးမြန်းကာ လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပညာရေး တက္ကသိုလ် (စစ်ကိုင်း)သို့ရောက်ရှိရာ အင်ဂျင်နီယာဌာနမှ ဒေါ်စုမြတ်နိုင်က ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်အဆောင်များ၊ ကျောင်း သား၊ကျောင်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင်များနှင့် ဝန်ထမ်းနေအိမ်များ ထိခိုက်ခဲ့ မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးပြီး တာဝန်ရှိသူများနှင့်အတူ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ သည့် ကျောင်းဝန်းအတွင်းရှိ အဆောက် အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပညာရေးဒီဂရီကောလိပ်(စစ်ကိုင်း)ရှိ ရုံးအဆောက် အဦ ပြိုကျပျက်စီးမှု၊ စာသင်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်များနှင့် ဝန် ထမ်းနေအိမ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်း များအား အားပေးစကားများပြောကြားကာ ကျောင်းအုပ်ကြီးထံ ထောက်ပံ့ငွေများပေး အပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် သမဝါယမနှင့်စီ မံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘွဲ့နှင်းသဘင်ခန်းမ၊ စာသင်အဆောင်များ၊ ဝန်ထမ်းနေအိမ်များ ထိခိုက်ခဲ့မှုများ အားလိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများအား တွေ့ဆုံအား ပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် မရှိခဏစေတီတော်မြတ်ကြီး၊ မဟာစေတီလှစေတီတော်မြတ်ကြီး၊ ရွှေမုဠောစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက် အဦများ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ ဆန်စက်ပိုင်၊ ဆန်ကုန်သည်များမှ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆန်များ၊ စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးများနှင့် ထောက်ပံ့ငွေများ ပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ရုံးအဆောက်အဦများ ပြိုကျပျက်စီးနေမှု များနှင့် ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာဝန်ထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမျက် မမြင်ကျောင်းသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် မျက်မမြင် ကျောင်းသား၊ကျောင်း သူများ၏ အိပ်ဆောင်များနှင့် ထမင်းစားဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် “မြတ်” ကိုယ်ပိုင်အထက်တန်းကျောင်း ပြိုကျပျက်စီးနေမှုများနှင့် အဆောက်အဦအတွင်းပိတ်မိနေသည့် ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား မလေးရှား နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



