၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “ကောင်းပြည့်စုံ” ကြက်/ငုံး မွေးမြူရေးအစာစက်ရုံ ထုတ်လုပ်နေမှုများအား သွားရောက် ကြည့်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သန့်ရှင်းလက်ဆက်ပြီး အဟာ ရပြည့်ဝသည့် အသားနှင့်ဥများ ဖူလုံပြည့်ဝစွာစားသုံးနိုင်စေရန်၊ အသားစားနှင့်ဥစား တိရိ စ္ဆာန်မွေးမြူရေး လုပ်ငန်းရှင်များအတွက် အလုပ် အကိုင်များ အဆင်ပြေချောမွေ့စေရန်နှင့် တိရိစ္ဆာန်အစာများ ဈေးကွက်အတွင်းသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန်းဖြူးရောင်းချနိုင် စေရန်အတွက် ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့ နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူသည် တစ်ရက်လျင် ၃၀ ပြည်ဝင်အိတ်၊ ၂၅၀ အိတ် ကြိတ်ခွဲထုတ်လုပ်နေသည့် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက် ရှိ “ကောင်းပြည့်စုံ” ကြက်/ငုံး မွေးမြူရေးအစာစက်ရုံသို့ ရောက်ရှိကြသည်။
ဦီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား “ကောင်းပြည့်စုံ” ကြက်/ ငုံး မွေးမြူရေးအစာစက်ရုံ တာဝန်ခံမှ စက်ရုံအတွင်း တိရိစ္ဆာအစာများ ကြိတ်ခွဲထုတ်လုပ် နေမှု အဆင့်ဆင့်နှင့် ထုတ်ပိုးနေမှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အတွင်းရှိပြည်သူများ အသားနှင့်ဥများ ဖူလုံပြည့်ဝစွာစားသုံးနိုင်စေရန်အတွက် မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် အသားစားနှင့်ဥစား တိရိစ္ဆာများ တိုးချဲ့မွေးမြူထုတ်လုပ်သွား ရေး၊ တိရိစ္ဆာန်အစာများအား အရည် အသွေးပြည့်မီစွာ အရေအတွက်များများ ထုတ်လုပ်သွားရေး၊ ဈေးနှုန်းသင့်တင့်စွာဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ ဝယ်ယူအသုံးပြုနိုင်ရေး၊ ထုတ်ပိုးမှုပုံစံ အရည်အသွေးပြည့်ဝစေရေးနှင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် သဘာဝပတ်
ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ခန္တီးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နေပြည်သူများ သောက်သုံးရေဖူလုံပြည့်ဝစွာရရှိစေရန်အတွက် ခန္တီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဇီးဖြူကုန်းရပ် ကွက်ရှိ ချင်းတွင်းမြစ်မှ 590 watt Solar ၊ 60 Nos Array 2 စုံ၊ 15 Hp Pump (1)Set ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်ရာရှိမှ ဆိုလာရေတင်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ နှင့် မြို့နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ချင်းတွင်းမြစ်မှ ဆိုလာရေတင် စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် မြို့နေပြည်သူများအား သောက်သုံး ရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ရေတင်စက်ရုံနှင့် ဆို လာများတပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ နယ်စပ်ဒေ သတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်း သား၊ကျောင်းသူများ ပညာသင်ကြားရေးလုပ်ငန်းများနှင့် အုပ်ချုပ်မှု၊စီမံမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင် များနှင့် စားဖိုဆောင်တို့အား လိုက်လံကြည့်ရှုကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ စားဝတ်နေရေး သက်သာချောင်ချီရေးတို့အတွက် သန့်ရှင်းလက်ဆက်သည့် စားဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



