၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ် ပိုင်ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ ဆုံ
မုံရွာ၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများ ၊ဘဏ်များ၊ ကိုယ်ပိုင် ကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မုံရွာမြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်း အဖွဲ့များနှင့် ဘိုးဘွားရိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်ချောမွေ့စေရေးနှင့် လူမှုကူညီရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် ယခုတွေ့ဆုံပွဲအား ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် မကြာမီ နှစ်ဆုံးအတန်းစဉ်ကူး ပြောင်းမှုစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြတော့မည်ဖြစ်ပါ၍ မိမိတို့ ကျောင်းများအလိုက် အောင်ချက်မြင့်မားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း နွေရာသီကျောင်းပိတ်ရက် တွင်ကျောင်းသား/သူများအတွက် အကျိုးပြုမည့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားသွားရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်သူများ အသက် ရှည်ကျန်းမာသန်စွမ်းကာ ဘဝရပ်တည်နိုင်ရေးအတွက် ဆရာဝန်များနှင့် ကျွမ်းကျင်းသူ များသည် အားကိုးအားထားရာ ဖြစ်ပါကြောင်း၊ ဆေးရုံသို့လာရောက်ကုသကြသည့် ပြည်သူများအား နွေးထွေးပျူငှာစွာဖြင့် စေတနာထားကာ ကုသသွားကြရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်သူများ ၏ ငွေသွင်း၊ငွေထုတ်လုပ်ငန်းများတွင် မြန်ဆန် ချောမွေ့ စေရန် စိတ်စေတနာကောင်းများဖြင့် ဝန်ဆောင်မှုပေး သွားကြရန် လိုအပ်ပါကြောင်းနှင့် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဘဏ်လုပ်ငန်းများဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်လည်း ပြည်သူများ၏လူမှုကူညီရေး လုပ်ငန်း များဆောင်ရွက်ရာတွင် မိမိအသက်အား ပဓာနမထားဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ခဲ့ကြသည်ကို ကြားမြင်သိရှိရသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ရှိပါကြောင်း၊ မုံရွာမြို့ရှိ ဘိုးဘွားရိပ်သာများ၌ အဘိုး၊ အဘွားများ နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲသို့တက်ရောက်လာသူများ အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ငွေကြေးကဏ္ဍနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် အားလုံးဝိုင်းဝန်းအဖြေရှာကာ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာ ဝန်ခံများက မိမိတို့ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားမှု၊သင်ယူမှုလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ခံများက မိမိတို့ဆေးရုံများအလိုက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ပုဂ္ဂလိကဘဏ်များမှ ဘဏ်မန်နေဂျာများက မိမိ တို့ဘဏ်များ၏ ငွေသွင်း/ငွေထုတ် လုပ်ငန်းများဝန်ဆောင်မှုပေးနေမှု အခြေအနေများ အားလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များအလိုက် လူမှုကူ ညီရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများက အဘိုး၊အဘွားများအား ကူညီစောင့်ရှောက်မှုပေးထားမှု အခြေအနေများအား လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုပြီး ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံအားပေး
မုံရွာ၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တစ်ရက်လျှင် လက်ဖက်ညွှန့်၊ လက်ဖက်ချဉ်စပ်နှင့်ပဲစုံနှစ်ပြန်ကြော်အထုပ် ၁၃၀ ပါ၊ ဂျပ်ဖာ ၁၀၀၀ ဝန်းကျင်ထုတ်လုပ် ရောင်းချနေသည့် “ပွဲတော်အုပ်” လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် လုပ်ငန်းခွင်သို့ရောက် ရှိရာလုပ်ငန်းတာဝန်ခံမှ လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် အမျိုး မျိုးထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများ၊ သိုလှောင်ထားရှိမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိ မှုများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အမျိုးမျိုးအား နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရောင်းချရေး၊ ထုတ်ပိုးမှုပုံစံ သစ်လွင်သပ်ရပ်ရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရေး တို့အားမှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ၁ တင်းခွဲဝင် အိတ် ၃၀၀ ထုတ်လုပ် ကြိတ်ခွဲနေသည့် “ငြိမ်းချမ်းရေး” ပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကုလားပဲခြမ်း ကြိတ်ခွဲနေမှုများအား လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိတ်ခွဲပြီးကုလားပဲခြမ်းများအား သန့် ရှင်းသပ်ရပ်အောင်ထုတ်ပိုးရေး၊ ဈေးကွက်သို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချသွားရေး တို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ပိဿာ ၁၀၀ ဝင်၊ အိတ်ပေါင်း ၂၀၀ ကျော် ကြိတ်ခွဲနေသည့် “ပါဝါ” ဂျုံစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ခေတ်မီစက်ကြီး များဖြင့် ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး စက်ရုံ အတွင်း ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်မင်္ဂ လာရပ်ကွက်ရှိ မုံရွာကုန်စည်ဒိုင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မုံရွာမြို့နှင့်အခြား မြို့နယ်များမှထွက်ရှိသည့် သီးနှံမျိုးပေါင်း ၃၆ မျိုးကျော်အား ရောင်းဝယ်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန်စည်ဒိုင် အတွင်းရှိ အစည်း အဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ဆက်အမှာစကား ပြော ကြားသည်။
ယင်းနောက် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့လုပ် ကိုင်ရောင်းဝယ်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးလိုသည်များအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



