slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ မုံရွာမြို့ပေါ် ရှိအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာဆိုသည်မှာ မွေးဖွား ချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပါကြောင်း၊ ပညာသင်ကြား၊သင်ယူခြင်းသည် သင်ယူသူအတွက်သာမက ဒေသနှင့်နိုင်ငံ၏ လူမှုစီးပွား ဘဝဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအနှီးလည်း ဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမ များအနေဖြင့် မိမိအလုပ်အားအလေးထားပြီး အချိန်ကိုတန်ဖိုးထားသည့် အလေ့အကျင့် ကောင်းမှစ၍ စိတ်ဓာတ်ကောင်းများဖြင့် တွေးတောကြံဆတတ်မှုများရှိအောင် မိမိကိုယ် ကိုလေ့လာသင်ယူပြီး ကျောင်းသား၊ကျောင်းသူများအား ပြန်လည်သင်ကြား ပျိုးထောင် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ် ကူးပြောင်းနိုင်ရေး၊ အတန်းတိုင်း၊အဆင့်တိုင်းတွင် စဉ်ဆက်မပြတ်ကျောင်းသို့တက် ရောက်ပြီး စာပေသင်ယူရေးနှင့် သက်ဆိုင်ရာဘာသာရပ်များ၊ အသိပညာ၊ အတတ်ပညာ များအားအမှန်တကယ် နားလည်တတ်ကျွမ်းမှုရှိအောင် သင်ကြားနိုင်ရေးတို့အား အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကြာသောကာလတွင် ကျင်းပတော့မည်ဖြစ်ပါ၍ ကျန်ရှိသည့်ရက်၊အချိန်များအား ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအတွက် အောင်မြင်မှုများရရှိအောင် တာဝန်ရှိသူ အားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားပြီး မုံရွာတက္ကသိုလ်မှ ပါမောက္ခ ၂ ဦးက ၂၀၂၄- တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများစစ်ဆေးခဲ့မှုအရ ဖြေဆိုမည့်သူများ လိုက်နာ သင့်သည်များအား လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် တန်းအောင်ချက်မြင့်မားရေးဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာနှင့် ကိုယ်ပိုင် ကျောင်းများမှ Grade -12 သင် ဆရာ/ဆရာမများ၊ ဖြေဆိုမည့်ကျောင်းသား/သူများက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားကြ သည်။

ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီးပညာရေးမှူးထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအခမ်း အနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင် ရွက်ပေးပြီး တာဝန်ရှိသူများနှင့်အတူစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20241227 01

20241227 01

20241227 01

20241227 01

20241227 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းဘေး မြေနု ကျွန်းပေါ်၌ တောင်သူဦးမြင့်စိုး စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများနှင့် စားဖိုဆောင် သီးနှံစိုက်ခင်းသို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ မှမြေနုကျွန်းပေါ်၌ ဆောင်းမြေပဲနှင့် စားဖိုဆောင်သီးနှံစိုက်ခင်း ၅ ဧက စိုက်ပျိုးထားရှိမှု များအား လိုက်လံရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှု များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ပြီး ဆောင်းမြေပဲနှင့်စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာမြို့၊ အိုးဘို တောင်အင်းအတွင်းရှိ ကြက်သွန်နီအထူးဇုန်၌ တောင်သူ ၂၀ ဦးစိုက်ပျိုးထားရှိသည့် ကြက် သွန်နီ ၈၂ ဧကစိုက်ခင်းသို့ရောက်ရှိရာ မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထွက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်သွန်နီ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကြက်သွန်နီ စိုက်ပျိုးထားရှိမှုများအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ ခံတောကျေးရွာရှိ တောင်သူ ၁၇ ဦးစိုက်ပျိုးထားရှိသည့် ကြက်သွန်နီ ၄၀ ဧကစိုက်ခင်းသို့ ရောက်ရှိရာ ဒေသခံတောင်သူများမှ ကြက်သွန်နီစိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်သွန်နီအထွက်နှုန်းကောင်းမွန်စွာ ရရှိရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာငုံးမွေးမြူရေးဇုန်သို့ ရောက်ရှိရာ ငုံးမွေးမြူရေးဇုန်ရှိ အစည်းအဝေးခန်းမ၌ ငုံးမွေးမြူ ရေးလုပ်ငန်းရှင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ ငုံးမွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့ငုံးမွေးမြူရေးလုပ် ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငုံးမွေးမြူ ရေးလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ငုံးမွေးမြူ ရေးဇုန်အတွင်း ငုံးများမွေးမြူထားရှိမှု၊ ငုံးဥများထုတ်ပိုးနေ မှုများနှင့် အစာစပ်စက်ရုံတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ မုံရွာငုံးမွေးမြူရေးဇုန်အတွင်း ငုံးမွေးမြူ ရေးလုပ်ငန်းရှင် ၄၀ ဦးကျော်မှ ငုံး ကောင်ရေ ၆ သိန်းကျော်အား ငုံးခြံ ၉၀ ဖြင့်မွေးမြူလျက်ရှိပြီး တစ်ရက်လျှင် ငုံးဥအရေ အတွက် ၅ သိန်းကျော်ထွက်ရှိရာ ဒေသတွင်းစားသုံးရန် လုံလောက်သည့်အပြင် အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

20241226 06

20241226 06

20241226 06

20241226 06

20241226 06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.