၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက် ချီးမြှင့်
မုံရွာ၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၅-ခုနှစ်၊ (၇၈)နှစ် မြောက် ပြည်ထောင်စု နေ့အကြို အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ အဆိုပါကျောင်းရှိ အားကစားကွင်း တွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် မုံရွာပညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးတို့က ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား ကျောင်းသူမောင်တို့မယ်တို့အနေဖြင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်တန်းပြီးဆုံးပါက တာဝန်ကျရာ ဒေသအသီးသီးရှိ အခြေခံပညာကျောင်းများတွင် မိဘပြည်သူများ၏ အသိပညာဗဟု သုတပြန့်ပွားရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများတွင်လည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့သားကောင်းများဖြစ်ကြရန် ဗလငါးတန်နှင့်ပြည့်စုံသည့် ဆရာ၊ ဆရာမများဖြစ်စေရေး ကြိုးပမ်းပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့်ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ မျိုးဆက် သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် မျှော်မှန်ချက်ထားရှိပြီး အားကစား သမားချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက် မြက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ပေါင်းစည်း ချစ်ကြည် လက်တွဲညီ ပြည်ထောင်စု ၏ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက Fitness Dance အကဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုး သမီး မီတာ ၁၀၀၊ မီတာ ၂၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ ယှဉ် ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုး သမီး လွန်ဆွဲပြိုင်ပွဲတွင် ပထမဆုရရှိကြသည့် အသင်းများအား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား၊ အမျိုးသမီး Fitness Dance ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား လည်ကောင်း၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီးက အမျိုးသား အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန် ကြီးက အမျိုးသား အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်း ကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အမျိုးသား အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးတို့က အမျိုးသား၊အမျိုးသမီး မီတာ ၂၀၀ ၊ မီတာ ၁၀၀ ၊ လှံတံပစ်၊ သံလုံးပစ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီး မြှင့်ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်း အုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲတက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေ သကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် သင်တန်းသား၊သူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုလုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံ တော်မှပြဌာန်းထားသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများအား စနစ်တကျလုပ်ကိုင်ဆောင်ရွက် တတ်စေ ရန်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား ကောင်းမွန်စွာသိရှိ နားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်အတွက် ယခုသင်တန်း အားဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား ကျောင်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်များနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား သိရှိနားလည်ပြီး သဘာဝပတ် ဝန်းကျင်၏ ဂေဟစနစ်တန်ဖိုးများအား အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူလူထု၊ လုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင် ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးအောင်ဇော်မြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သူ များနှင့်စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်း အနားအား ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်း(၁/၂၀၂၅)အား ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ နေ့အထိ ၁၁ ရက်ကြာ သင်တန်းသား/သူ ၃၅ ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝ တီရပ်ကွက်ရှိ မြေ ၃၀ ဧကအကျယ်တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည် သူများအားလပ်ရက်များတွင် အပန်းဖြေအနားယူနေနိုင်ရန်အတွက် မုံရွာမြို့နယ်၊ စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဉယျာဉ်တည် ဆောက်ရေးလုပ်ငန်း ခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြည်သူ့ဥယျာဉ်မျက်နှာစာ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ အုတ်စီ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ အခြေခံအလွှာပြုပြင်ခြင်းလုပ်ငန်းနှင့် မုခ်ဦးတည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်လုပ်ငန်းများ သတ်မှတ် ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြား ကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



