slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနိုင်းအစည်းအဝေး ၃/၂၀၂၄ တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ညှိနိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် စိုက်ပျိုးရေး/မွေးမြူရေးနှင့်သက်ဆိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ် စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် သမဝါယမအသင်းများအားလုပ် ငန်းအမျိုးအစားများအလိုက် ချေးငွေများထုတ်ချေးထားပြီး ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်သုတေသနများ MSME လုပ်ငန်းများအလိုက် စစ်တမ်းများအား စနစ်တ ကျအသုံးချကာ လုပ်ငန်းမြှင့်တင်ရန်ကိစ္စ၊ ဝန်ဆောင်မှုပေးရန်ကိစ္စနှင့် လိုအပ်ချက်အရ လမ်းညွှန်တည့်မတ်ပေးရန်စသည့် လုပ်ငန်းစဉ်များအား တိုင်းဒေသကြီး MSME Agency မှမှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကဏ္ဍများ အလိုက်မတည်ချေးငွေများအား လျာထားချက်ပြည့်မီစွာ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး နှင့်အရင်းမပျောက်မတည်ငွေများအား မပျောက်ပျက်စေ ဘဲတိုးပွားလာစေရန်နှင့် အကျိုး ရှိစွာစနစ်တကျအသုံးချနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေ သည့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် အားလုံးမှအားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေများ ထုတ်ချေးပေးထားမှု အခြေအနေများနှင့် ချေးငွေများဖြင့်ဆောင်ရွက် နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီး ပွားရေးလုပ်ငန်း MSMEs လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေမှ မတည်ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ နှင့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေး စား၊အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241218 01

20241218 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ် လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၆

၂၀၂၅-ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်၊ မွန်းလွဲပိုင်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်း အနားအား ယခင်နှစ်များနည်းတူ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီအသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင် ရေးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ထူးခြားမွန် မြတ်လှသည့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်ဖြစ်ပါ၍ လွတ်လပ်ရေးရရှိရန် စွန့်လွတ်အနစ် နာခံကြိုးပမ်းခဲ့မှုများနှင့် လွတ်လပ်ရေး၏ အနှစ်သာရနှင့်တန်ဖိုးအား လူငယ်များသိရှိစေ ရန်အတွက် ပြပွဲများ၊ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများမှ အလေးထား ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်း အနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်း ပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီများ အလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241217 01

20241217 01

20241217 01

20241217 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.