၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကြည့်ရှုအားပေး
မုံရွာ၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများတွင် ပညာသင် ကြားနေသည့် ကျောင်းသား/သူများ စိတ်အေး ချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင်ရပ် ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်း မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီး ရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများအား တန်ဖိုးသင့် စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင် ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ကျော်ဖြင့် အခြေခံ ပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင် တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ် များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက် နေပြည်သူ အင်အား ၃၈၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပြည်ထောင်စု ရင်ပြင်ရှိ သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ ဝှေ့ရမ်း ကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန်သာယာ ကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ ကြသည်။
ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင် စုရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြရာ အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူ လေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအား စည်ပင်သာယာရေးအဖွဲ့မှ ဧည့်ခံကျွေးမွေး သည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်းမဲများ ဖွင့်ဖောက် ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆုမဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုမဲများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



