၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ပထမအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်း ပ
မုံရွာ၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး (ပထမအကြိမ်)အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အဆိုပါစေတီတော်ကြီးဝန်းအတွင်းရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဝင်များနှင့်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိ်မ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တတေဇဝံတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်ကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများထံမှ တိုင်းဒသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သြဝါဒကထာ နာယူကြည်ညိုကြပြီး ဆရာတော်ကြီးများထံ တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြ သည်။
ယင်းနောက် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များကဂေါပကအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဂေါပကအဖွဲ့ ဒုတိယဉက္ကဌတို့ထံ အလှူငွေကျပ် – ၃၂၇၇၇၈၁၀၀ (သိန်းပေါင်း သုံးထောင်နှစ်ရာ ခုနှစ် ဆယ့်ခုနှစ်သိန်း ခုနှစ်သေင်းရှစ်ထောင်တစ်ရာကျပ်)အား ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓါနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋ ကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဝံသ ဆရာ တော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒ နာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ“ဗုဒ္ဓ သာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ် ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၇၈)နှစ် မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၈)နှစ်မြောက်၊ ပြည်ထောင်စု နေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အခမ်းအနားကြီးအား တိုင်းဒေသကြီးအဆင့်နှင့်လျှော်ညီအောင် ခမ်းခမ်းနားနား ပြင်ဆင်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာ ဝန်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြမှသာ သက်မှတ်အချိန်တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လုံခြုံရေးကိုလည်း စနစ်တကျစီမံကာ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်အောင်ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို မိမိ တို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့အချိန်နှင့်တပြေးညီတင်ပြသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ထားရှိမှုနှင့် ကြိုတင်စီမံ ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားပြင်ဆင်ရေးကော်မတီ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ လည်းကောင်း၊ ဖိတ်ကြားရေး၊ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ကော်မတီ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လည်းကောင်း၊ ပို့ဆာင်ရေးကော်မတီ တိုင်းဒေ သကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန လည်းကောင်း၊ ပြန်ကြားရေးကော်မတီ တိုင်းဒေသ ကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ လုံခြုံရေးကော်မတီ မုံရွာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လည်းကောင်း ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်း အနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ် ငန်းအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင် မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထွေထွေအကြံ ပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူ များ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



