slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့် ဆောင်းသီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက် ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ တက်ရာက်ကြသည်။

ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း ရာသီ အလိုက်စိုက်ပျိုးသည့် ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများဆောင် ရွက်နေမှုများအား လည်း ကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်းရှိ ဆည်တမံများမှ စိုက်ပျိုးရေဖြန့်ဝေ ပေးနေမှုများနှင့် စိုက်ပျိုးရေအခွန်များ ရရှိရေးတို့အားလည်းကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူးက မြစ်ရေတင် လုပ်ငန်း များမှစိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လည်း ကောင်း၊ ခရိုင်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးတို့က စားရေရိက္ခာဖူလုံရေးအတွက် အသား၊ငါးနှင့်ဥမွေးမြူထုတ်လုပ်နေမှု အခြေအနေများအား လည်း ကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးထားသည့်သီးနှံများနှင့် မွေးမြူထုတ်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်အတွင်း၌ သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းစိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့်ဝါသီးနှံစသည့် သီးနှံမျိုးစုံစိုက်ဧက များလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအား စိုက်ပျိုးရေးကြီးကြပ် မှုအဖွဲ့များနှင့် ဒေသခံတောင်သူများမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီး၏ သီးထပ်သီးညှပ်စိုက်စွမ်းအားမြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွား ကြရန်နှင့် ပညာပေးကွင်းသရုပ်ပြပွဲများ မကြာခဏဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတာင်သူများ စိုက်ပျိုးထားသည့်သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကျေးရွာ ၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအတွက် ကျေးရွာ ကိုယ်စားလှယ်များထံ သွင်းအားစုများအား ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များအား နံနက်စာများဝေငှပေးခဲ့ကြပြီး စားသုံးဆီများနှင့် လယ်ယာသုံးစက်သုံး ဒီဇယ်ဆီ များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ တစ်ရက်လျှင် မြေပဲပိဿာချိန် ၁၀၀ ကြိတ်ခွဲ၍ မြေပဲဆီ ၄၀ ပိဿာထွက်ရှိသည့် စစ်ကိုင်း မြေပဲဆီစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ မြေပဲဆီကြိတ်ခွဲထုတ်လုပ်နေမှု အခြေ အနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်း လင်းပြသမှုများအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ပြီးစက်ရုံအတွင်း မြေပဲဆီကြိတ်ခွဲထုတ်လုပ်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် တစ်ရက်လျှင် ပိဿာချိန် ၄၀၀၀ ကြိတ်ခွဲနေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြင့်မိုရ်ဦး ဝါကြိတ်စက်နှင့် ဆီစက်သို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဝါကြိတ်ခွဲနေမှုများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည် များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ တင်းထိပ်ရပ်ကွက်ရှိ “ဇေယျာတောင်တန်း” ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကျောက်စိမ်းပုတီးဆိုဒ်စုံ၊ လက်ပတ်နှင့် ကျောက်မျက် ရတနာအချောထည်အမျိုးမျိုး ထုတ်လုပ်ထားရှိမှုများအား ရှင်းလင်းပြသရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စက်ရုံအတွင်းကျောက်အချောထည် ထုတ်လုပ် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20241212 08

20241212 08

20241212 08

20241212 08

20241212 08

20241212 08

20241212 08

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ရှိ မွေးမြူရေး၊စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်း တပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက် ပိုင်းက ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူ ရေးလုပ် ငန်းဆောင်ရွက်နေသည့် နောင်ဖွတ်မော် စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက် အသင်းဝင် ဦးဆားနွမ်း မွေးမြူထားရှိသည့် အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက် ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ကြက်ခြံ ၁ နှင့် ၂ အတွင်းရှိ ၁ လသားအရွယ်နှင့် ၁၅ ရက်သားအရွယ် အသားတိုးကြက် ၁၂၀၀ ကောင်မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကြက်ခြံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မွေးမြူထားသည့် ကြက်များတွင် ဖြစ်ပွားတတ်သည့်ရောဂါများအား မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ် ငန်းများဆောင်ရွက်သွားရေးနှင့် မွေးမြူရေးအစာများ ပြည့်စုံလုံလောက်စွာရရှိရေးတို့အား တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် နောင်ဖွတ်မော် စိုက်ပျိုးရေးနှင့်အထွေ အထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် အသင်းဝင် ဦးမွမ်ပိ မွေးမြူထားရှိသည့် အသားတိုး ကြက်ခြံသို့ရောက်ရှိရာ ကြက်ခြံ ၁ နှင့် ၂ အတွင်းရှိ ၁ လသားအရွယ် အသားတိုးကြက် ၂၂၀၀ ကောင်မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ဦးမျိုးခိုင် ပါတောင်သူ ၆၀ ဦးစိုက်ပျိုးထားသည့် ဆောင်းမြေပဲခင်း ၃၄.၅၈ ဧကအတွင်း ကျင်းပပြုလုပ် သည့်ဆောင်းမြေပဲအထွက်နှုန်း တိုးတက်ရေးအတွက် ရွက်ဖြန်းမြေသြဇာ သုံးစွဲနည်းကွင်းသရုပ်ပြပွဲသို့တက်ရောက်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ၏ ရွက်ဖြန်းမြေသြဇာ သုံးစွဲနည်းသရုပ်ပြသမှုများအား ဒေသခံတောင်သူများနှင့် ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဆေးဖျန်းပုံး များ၊ မြေသြဇာများနှင့် ရေဆင်းစပ်မျိုးနေကြာမျိုးစေ့များအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရက်ကွက်နှင့် ခေါင်ခမ်းကျေးရွာတို့မှ ဒေသခံတောင်သူများ စိုက်ပျိုးနေသည့် နွေစပါး ၃၆၄ ဧကအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ စံကပ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် လက်ဖက်ကိုင်းဖြတ်၊ ပြုပြင်ပုံသွင်းခြင်းနှင့် ဆွတ်ခူးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဟုမ္မလင်း မြို့နယ်အတွင်း လက်ဖက်စိုက်ပျိုးထားရှိမှုများနှင့် လက်ဖက်အထွက်နှုန်းရရှိမှုများအား ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ၏ လက်ဖက်ကိုင်းဖြတ်၊ ပြုပြင် ပုံသွင်းခြင်းနှင့် ဆွတ်ခူးခြင်းသရုပ်ပြသမှုများအား ဒေသခံတောင်သူများနှင့် ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ဆေး ဖြန်းပုံးများ၊ ကောက်ရိတ်စက်များနှင့် အာသံလက်ဖက်မျိုးစေ့များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည့် ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာရှိ ဝါးအခြေပြုလူသုံးကုန်ပစ္စည်းများထုပ်လုပ်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက စကော၊ စကာကုံး၊ ခြင်းတောင်း၊ အုပ်ဆောင်း၊ ယပ်တောင်စသည့် ထုတ်ကုန် ပစ္စည်းများပြုလုပ်နေမှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်အချောထည်ပစ္စည်းများအား ဈေးကွက်သို့အချိန်မီရောက်ရှိနိုင်ရေးနှင့် ကုန်ကြမ်း ပစ္စည်းများ‌ ဈေးနှုန်းသက်သာစွာဖြင့်ရရှိရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ဆေးရုံအုပ်ကြီးထံ စားသောက်ဖွယ်ရာများပေးအပ်ပြီး ဆေးရုံရှိဝန်ထမ်းများနှင့် ဆေးကုသနေ သည့်လူနာများ သောက်သုံးရေအဆင်ပြေစေရန်အတွက် စက်ရေတွင်းတူးဖော်မည့်မြေနေရာ အားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20241212 01

20241212 01

20241212 01

20241212 01

20241212 01

20241212 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.