၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး အခမ်းအနားကျင်းပ
မုံရွာ၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ဒေါ်စိုးပပ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ဖိတ်ကြားထားသူများ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် တိုက်ဖျက်တာကို ထုတ်ဖော်ပြောဆိုပေးခြင်း၊ အကြမ်းဖက်မှု ကိစ္စရပ်အပေါ် လူအများအာရုံစူးစိုက်လာအောင် အခြားသော အမျိုးသားများနဲ. ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင်ြ လုပ်ဆောင်ပေးနိုင်ပါကြောင်း၊ အခုလို တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်နေကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မိခင်၊ အစ်မ၊ ညီမများနဲ့ ဇနီးသည်တွေ၊ သမီးတွေ အားလုံး အကြမ်းဖက်မှု၊ အခြိမ်းအခြောက်ခံနေရမှုတွေက ကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် အားလုံးကို တတ်စွမ်းတဲ့ အခန်းကဏ္ဍအသီးသီးကနေ ပူးပေါင်း လုပ်ဆောင်သွားကြပါစို့လို့တိုက်တွန်းရင်း ဒီနှစ်ရဲ့ ၁၆ရက်တာလှုပ်ရှားမှုရဲ့ ဆောင်ပုဒ် ကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းလို့ ဘေးကင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်ဆီ အရောက်လှမ်းစို့ စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီးစစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တိုင်းဒေသကြီး အတွင်းဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာအဖွဲ့၏လုပ်ငန်း များအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာသူများက Gender, CEDAW ,NSPAW သဘောတရားများအား အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဉက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးတို့ လိုက်ပါလျက် နိုဝင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် နာဂဒေသရှိတိုင်းရင်းသားလူမျိုးများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တောင်တန်းဒေသဖြစ်၍ သွားလာမှုခက်ခဲသော်လည်း မိမိတို့၏လုပ်ဆောင်ရမည့် တာဝန်များ အပေါ် တာဝန်ကျေပွန်စွာဖြင့် စေတနာထားကာ ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် နောင်ယန်းအင်းအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေအောင် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်အနီးနေထိုင်ကြသည့် မြို့ရွာများဖြစ်၍ ဒေသခံ ပြည်သူများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးကို အလေးနက်ထားကာ တရားဉပဒေနှင့်အညီ နေထိုင်သွားလာလုပ်ကိုင် ဆက်ဆံဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အုပ်ချုပ်ရေးမှူးက မြို့၏ဖွံ့ ဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နန်းယွန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြ သည်။
ထို့နောက် ပန်ဆောင်မြို့ရှိ ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နှစ်နိုင်ငံနယ်စပ်အနီး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများ ဆောင် ရွက်လိုမှုနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပန်ဆောင်မြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာ ဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်ဆောင်မြို့၌ လုံခြုံရေးတာဝန်ထမ်းဆောင် နေကြသည့် တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပန်ဆောင်မြို့ရှိ ဌာနဆိုင်ရာများ ဝန်ထမ်း များအတွက် ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် – ၁၀ သိန်းတို့အား ထောက်ပံ့ပေး အပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြ သည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိ်ုးတိုးတက်ရေးအတွက် ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပန်ဆောင်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ဆရာတော်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ လှူဖွယ်ဝတ္တုပစ္စည်များမှ အလျား – ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် – ၂၄ ပေရှိ RC ၂ ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေ မှုအတွက် ငွေကျပ်သိန်း -၅၀ အား ပေးအပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းဆောင် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်ဆောင်မြို့ အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်သည့် ၂ ထပ်ကျောင်းဆောင် အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/သူများ ပညာသင် ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ကြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးတွင်းကာလတွင် ပန်ဆောင်မြို့၊ နောင်ရမ်းအင်း ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် လယ်ဧက ၅၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် အလျား – ၂၀၀၀ ပေ၊ အနက် – ၅ ပေ နှန်းမြေဆည်တင်သွားမည့် တကင်းချောင်းသို့ ရောက်ရှိရာ တာဝန်ခံ အင်ဂျင်နီ ယာမှ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်ရွက်သွားမည့်လုပ်ငန်းများ သက်မှတ် ကာလတွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



