၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း (အဌမ) အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း (အဌမ)အကြိမ် မြောက် သူနာပြု -သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ လ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာဆေးရုံအုပ်ကြီး၊ သူနာပြုသားဖွားသင်တန်းကျောင်း မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ သင်တန်း သား/သူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သူနာပြုသားဖွားသင်တန်း ကျောင်းမုံရွာသည် မိမိတို့တိုင်းဒေသကြီးအတွက် အရည်အသွေးပြည့်မီသည့် သူနာပြု ဆရာ/ဆရာမများအား မွေးထုတ် ပေးနေပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် သင်တန်း ကျောင်းကြီးတစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ပြည်သူလူထု၏ ကျန်း မာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုဆရာ/ဆရာမများ၏ အရည်အသွေးမြင့်မား ရေး၊ကျင့်ဝတ်နှင့်အညီပြုစုစောင့်ရှောက်မှု ပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ အောင်လက်မှတ်များ အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင် သို့ဝင်ရောက်သည့်အခါ သူနာပြုဆရာ/ဆရာမများအားလုံး အပြန်အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာ-သူနာပြု သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ ချီးမြှင့်ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မုံရွာ-သူနာပြု သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်ကြားရေးတာဝန်ခံ ဆရာမကြီးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများမှ သင်တန်သား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ မုံရွာမြို့ပေါ် ရှိအခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာဆိုသည်မှာ မွေးဖွား ချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပါကြောင်း၊ ပညာသင်ကြား၊သင်ယူခြင်းသည် သင်ယူသူအတွက်သာမက ဒေသနှင့်နိုင်ငံ၏ လူမှုစီးပွား ဘဝဖွံဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအနှီးလည်း ဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမ များအနေဖြင့် မိမိအလုပ်အားအလေးထားပြီး အချိန်ကိုတန်ဖိုးထားသည့် အလေ့အကျင့် ကောင်းမှစ၍ စိတ်ဓာတ်ကောင်းများဖြင့် တွေးတောကြံဆတတ်မှုများရှိအောင် မိမိကိုယ် ကိုလေ့လာသင်ယူပြီး ကျောင်းသား၊ကျောင်းသူများအား ပြန်လည်သင်ကြား ပျိုးထောင် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ် ကူးပြောင်းနိုင်ရေး၊ အတန်းတိုင်း၊အဆင့်တိုင်းတွင် စဉ်ဆက်မပြတ်ကျောင်းသို့တက် ရောက်ပြီး စာပေသင်ယူရေးနှင့် သက်ဆိုင်ရာဘာသာရပ်များ၊ အသိပညာ၊ အတတ်ပညာ များအားအမှန်တကယ် နားလည်တတ်ကျွမ်းမှုရှိအောင် သင်ကြားနိုင်ရေးတို့အား အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကြာသောကာလတွင် ကျင်းပတော့မည်ဖြစ်ပါ၍ ကျန်ရှိသည့်ရက်၊အချိန်များအား ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအတွက် အောင်မြင်မှုများရရှိအောင် တာဝန်ရှိသူ အားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆိုင်ရာလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားပြီး မုံရွာတက္ကသိုလ်မှ ပါမောက္ခ ၂ ဦးက ၂၀၂၄- တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများစစ်ဆေးခဲ့မှုအရ ဖြေဆိုမည့်သူများ လိုက်နာ သင့်သည်များအား လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် တန်းအောင်ချက်မြင့်မားရေးဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာနှင့် ကိုယ်ပိုင် ကျောင်းများမှ Grade -12 သင် ဆရာ/ဆရာမများ၊ ဖြေဆိုမည့်ကျောင်းသား/သူများက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆိုင်ရာများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားကြ သည်။
ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီးပညာရေးမှူးထံ ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအခမ်း အနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင် ရွက်ပေးပြီး တာဝန်ရှိသူများနှင့်အတူစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



