slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ပြည်သူ့စစ်မှုထမ်းသင် တန်းအမှတ်စဉ်(၆/၂၀၂၄)ဖွင့်ပွဲနှင့် ကျီကုန်းကျေးရွာ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ကလေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ်(၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်းတွင် ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး အမှတ်(၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ် ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိစားရိပ်သာဆောင်တွင် သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြောကြားပြီး ကျောင်းအုပ်ကြီးထံ သင်တန်းသားများအတွက် ငွေကျပ်သိန်း ၅၀ အား ထောက်ပံ့ပေးအပ်ကာ သင်တန်းသား များနှင့်အတူတကွ နံနက်စာသုံးဆောင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းသား များအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာရှိ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် ကလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးတို့က “ဘဝအလင်းတန်း” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနား ကိုကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိနိုင်ငံ၏ လူဦးရေ(၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်သည့်အတွက် ကျေးလက်ပြည်သူများ ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်မီဒီယာများသည် လူငယ်လူရွယ်များဘဝ လမ်းမှားရောက်ပြီး ဘဝတစ်ခုလုံးပျက်စီးသွားအောင် ဆောင်ရွက် နိုင်သကဲ့သို့ လူငယ်လူရွယ်များအား မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်ပြီး မိမိတို့ဘဝ တိုးတက်မြှင့်မားအောင် စွမ်းဆောင်နိုင်သည့် အရာလည်းဖြစ်ပါကြောင်း၊ စာကြည့်တိုက် အတွက် ရန်ပုံငွေများ၊ စာအုပ်စာပေများ၊ ပရိဘောဂပစ္စည်းများ ပြည့်စုံအောင် လုပ်ဆောင် နိုင်ရန်ဒေသအာဏာပိုင်များ၊ စာကြည့်တိုက်ကော်မတီများနှင့် ကျေးရွာသူ၊ကျေးရွာသား များ၏ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှု၊ တက်ကြွမှုများဖြင့် စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ ဖွံ့ဖြိုးတိုးတက် မှုအသီးအပွင့်များရရှိနိုင်ရန် လူနေမှုအဆောက်အအုံကြီးထဲတွင် ပြည်သူများ အေးချမ်း သာယာစွာ နေထိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဖွင့်လှစ်ပေးလိုက် သည့် “ဘဝအလင်းတန်း” စာကြည့်တိုက်အား ထာဝစဉ်ရှင်သန်ဖွံ့ဖြိုး တိုးတက်အောင် တာဝန်ရှိသူအားလုံးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ “ဘဝအလင်းတန်း” စာကြည့်တိုက်သည် မြန်မာနိုင်ငံစာကြည့်များဖွံ့ဖြိုးတိုတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပံပိုးငွေ ကျပ်သိန်း(၁၅၀) ဖြင့်မတည်ကာ ဆောက်လုပ်ခဲ့ကြောင်းသိရှိရပြီး
တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဘဝအလင်းတန်း” စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး ငွေကျပ်- ၁၀ သိန်းတန်ဖိုးရှိ သုတ/ရသစာအုပ် ၄၁၄ အုပ်အား ထောက်ပံ့ပေး အပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ် စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာနှင့် အင်ဒိုင်းကြီးကျေးရွာတို့မှ ကျောင်းသူလေးများ၏ တေးသီချင်းများ ဖြင့်ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကျီကုန်းကျေးရွာနှင် အင်ဒိုင်းကြီးကျေးရွာ အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့် တိုက်များအတွက် ထောက်ပံ့ငွေကျပ် – ၁၀ သိန်းစီအား ကျောင်းအုပ်ကြီးများထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

20241022 01

20241022 01

20241022 01

20241022 01

20241022 01

20241022 01

20241022 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ လယ်တီ ရပ်ကွက်ရှိ ပြည်ထောင်စု ဈေးကြီး၌ ကုန်ဈေးပွဲရုံအခန်းပေါင်း ၉၆ ခန်းပါဝင်သည့် အလျား – ၈၀ ပေ၊ အနံ – ၆၀ ပေရှိ ကုန်ဈေးပွဲရုံ ၁၂ ရုံတည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ကုန် ဈေးပွဲရုံများ တည်ဆောက်နေမှု လုပ်ငန်းများ၊ ပွဲရုံများအတွင်း ရေးစီးရေလာကောင်းမွန်စေရေးနှင့် ကွန်ကရစ်လမ်းများခင်းကျင်းနေမှု အခြေအနေများ၊ လယ်တီကန်ပတ်လည် သာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေ မှုများနှင့် ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန် ဈေးပွဲ ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားရေး၊ မီးဘေးအန္တရာယ်အား ကြိုတင်မျှော်တွေးကာ စီမံဆောင်ရွက်ထားရေးနှင့် ကုန်‌ေဈးပွဲရုံများ တည်ဆောက်ပြီးစီးပါက ကော်မတီများဖွဲ့စည်းကာ စနစ်တကျနေရာချထားသွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကုန် ဈေးပွဲရုံများတည်ဆောက်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ပတ်လည် အရှည် – ၁၃၈၉၆ စတုရမ်းပေအား ၆ ပေအကျယ် လျှောက်လမ်း ချဲ့ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်ဘက်ကန်သာယာကန်သို့ ရောက်ရှိရာ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးက အောင်ချမ်းသာ ဈေးရှိ ဈေးဆိုင်ခန်းများ ရောင်းချနေ မှုအခြေအနေများ၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ကာလကြာမြင့်ပြီဖြစ်သည့် ဈေးအဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြုပြင်ရန်လိုအပ်သည့် ဈေးဆိုင်ခန်းများ အမြန်ပြုပြင်ဆောင် ရွက်ရေးနှင့် ဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ချမ်းသာ ဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20241018 01

20241018 01

20241018 01

20241018 01

20241018 01

20241018 01

20241018 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.