slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား တက်ရောက်

မုံရွာ၊ မေ ၁

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားကို မေလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင့်လိူင်မြင့်၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊အလုပ်ရုံ အလုပ် ရှင်များနှင့် အလုပ်သမားကြီးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လိူင်ထံမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ဖတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလုပ်ရုံအလုပ်ရှင်များ၊ အလုပ်သမားကြီးများနှင့်အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အလုပ်သမားရေးရာ ဥပဒေစာအုပ်များ၊ တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့၏ လုပ် ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20260504 28

20260504 28

20260504 28

20260504 28

20260504 28

20260504 28

20260504 28

20260504 28

20260504 28

20260504 28

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲနှင့် ၁၃၈၈-ခုနှစ်၊ ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော် ခြင်း အခမ်းအနားများ ကျင်းပ

မုံရွာ၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းတိုက် ၃၅ ကျောင်း၊ သီလရှင်ကျောင်းတိုက် ၂၀ ကျောင်းမှ ဆရာတော်၊သံဃာ တော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ဧပြီလ ၃၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင် များ၊ ကိုယ်ပိုင်ကျောင်း/ဆေးရုံများ၊ ကုန်စည်ဒိုင်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်း လှူကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်း များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်း/ဆေးရုံများ၊ ကုန်စည်ဒိုင်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ၏ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများနှင့် အလှူရှင်များက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ၃၅ ကျောင်းမှ ပင့်သံဃာဆရာတော်၊ သံဃာတော် အပါး ၂၀၀ နှင့် သီလရှင် ကျောင်းတိုက် ၂၀ ကျောင်းမှ သီလရှင်ဆရာကြီး၊ဆရာလေး အပါး ၁၀၀ တို့အား ဆွမ်းဆန် စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော်ကြီးဝန်း အတွင်းရှိ ဗောဓိညောင်ပင်တွင် ကျင်းပပြုလုပ်သည့် ၁၃၈၈-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်းပူဇော်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အရပ် ၈ မျက်နှာ၌ အသီးသီးနေရာယူကြပြီး ညောင်ရေ များသွန်းလောင်းကာ ဗောဓိညောင်ပင်အား လက်ယာရစ်တစ်ပတ် ပူဇော်ကြသည်။

ယင်းနောက် ညောင်ရေသွန်းလောင်းပွဲသို့ တက်ရောက်လာသူများနှင့် ဝတ်ရွတ် အသင်းများမှ ဇယန္တော(၅)ဂါထာ ရွတ်ဆိုပူဇော်ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဿတု”သုံး ကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20260504 19

20260504 19

20260504 19

20260504 19

20260504 19

20260504 19

20260504 19

20260504 19

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.