slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၂၇

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်း အနားကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြေခံပ ညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်း၊ ခန္တီးတပ်နယ်မှူးနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့် လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ကြပြီး ခန္တီးပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ က ကြိုဆိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆို၍ အခမ်းအနား အား ဖွင့်လှစ်ပြနောက် ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူများ စာဖတ်ရှုနိုင်သည့် အခွင့်အလမ်းများရရှိရေးအတွက် ရှိပြီးသားစာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်အသစ်များထပ်မံလို အပ်သကဲ့သို့ ရပ်ကွက်/ကျေးရွာများတွင် စာကြည့်တိုက်များ အသစ်ဆောက်လုပ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသလို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်း သားလူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူ ကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ပေး ခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယနေ့လူငယ်များအပါအဝင် ကျောင်းသား /သူများ၊ ပြည်သူများစာဖတ်ကြစေရန် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စာတတ်ရုံ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အသိပညာပြည့်ဝ ပြီးဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် တာဝန်ရှိသူများနှင့်မိဘ၊ ဆရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ထံ ခန္တီးခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ ထောက် ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျပန်းစကေားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသာ/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ များအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာ စီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အားအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျပန်းစကား ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသူများက ပြန်လည် တင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “ နိုင်ငံအကျိုး မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ကြည့်ရှုအားပေးကာ ခန္တီးပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဒေသခံရှမ်း/နာဂတိုင်းရင်းသား ကျောင်းသား/သူများကတေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ခန္တီးတပ်နယ်မှူး က သီဆိုကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူများနှင့် တိုင်းရင်းသားများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းခင်း ကျင်းပြသထားသော စာအုပ်/စာစောင်များ၊ လှပသာယာပြည်မြန်မာနှင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်မှု မှတ်တမ်းဓါတ် ပုံများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း ခင်းကျင်းပြသထားသည့် ဒေသဆိုင်ရာဓါတ်ပုံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနပြခန်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်နေမှုနှင့် ကလေးစာ ဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများကျင်းပနေမှုတို့အား လိုက် လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေး အပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်း အတွင်း အားကစားပြိုင်ပွဲများအဖြစ် သားရေကွင်းသယ်၊ ခွက်နင်းပြိင်ပွဲ၊ ခါးလှည့်ကွင်း ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပူစီးဖောင်းညှပ်ပြိုင်ပွဲများ ယှဉ်ပြိင်နေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

20240928 01

20240928 01

20240928 01

20240928 01

20240928 01

20240928 01

20240928 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ရှိ အသေးစားငါးသားဖောက်စခန်းနှင့် ဌာနဆိုင်ရာရုံးများရှိ စားဖို ဆောင်သီးနှံစိုက်ခင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဌများနှင့်အတူ စက်တင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက် စခန်းသို့ ရောက်ရှိကြ သည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ငါးသားဖောက် စခန်းတာဝန်ရှိသူများမှ အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက်စခန်း၌ ငါး သားဖောက်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ကန် ၁၆ ကန်အတွင်း ငါး သားပေါက်များမွေးမြူထားရှိမှု အခြေအနေများနှင့် ငါးသားပေါက်များအား စနစ်တကျ အစာကျွေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးသားဖောက်လုပ်ငန်းများအား စနစ် တကျဖြင့် ရှင်သန်ကြီးထွားအောင်မြင်အောင် အလေးထားဆောင် ရွက်ရေး၊ ငါးသားဖောက်စခန်းမှ ထွက်ရှိလာသည့် ငါးသားပေါက်များအား တစ်ပိုင် တစ်နိုင်မွေးမြူလိုသည့် ငါးမွေးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချရေး၊ ငါးကန်ပတ်ဝန်းကျင်များအား သန့်ရှင်းသပ်ရပ်အောင် အမြဲဂရုပြု ဆောင်ရွက်သွားရေးနှင့် ဒေသအတွင်းငါးရိက္ခာဖူလုံစေရေးကို အထောက်အကူပြုနိုင် သည်အထိ အောင်မြင်အောင်မွေးမြူကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငါးသားဖောက် စခန်းအတွင်းရှိ ငါးသားပေါက်များမွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး နောက်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဥ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောက်တိုဘာ လ ၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်/ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူသွားမည့်လုပ်ငန်းများအား အလေးထားကာ အောင်မြင်အောင် ဆောင်ရွက်သွားရေးတို့အား မှာကြားပြီးနောက်ရုံးဝန်းအတွင်း ဝန်ထမ်းများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုးထားမှုနှင့် ဘဲများမွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိရာ သဘာဝဘေးနှင့်မီး လောင်မှုများဖြစ်ပွားလာပါက အရေးပေါ်ခေတ်မီ မီးငြိမ်းသတ်ရေး မော်တော်ယာဉ်များ၊ ကူညီကယ်ဆယ်ရေးမော်တော် ယာဉ်များ၊ မီးငြိမ်းသတ်ရေးဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်းထားကာ သဘာဝဘေးအတွက် အသင်ပြင်ဆင်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တပ်ဖွဲ့ဝင်များအား သဘာဝဘေးများဖြစ်ပွားလာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ အနေဖြင့် အမြဲအသင့်သတိရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရန်တို့အား မှာကြားပြီး နောက် မီးသတ် ရုံးဝန်းအတွင်း စားဖို ဆောင်သီးနှံစိုက်ခင်း ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသ ကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သဘာဝဘေးများဖြစ် ပေါ်လာပါက အသင့်သိုလှောင်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး သိုလှောင်ထား ရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။

20240927 01

20240927 01

20240927 01

20240927 01

20240927 01

20240927 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.