slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အမျိုးသား အားကစားပွဲတော် သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုများ ကြည့်ရှုအားပေး

မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်း အတွင်းရှိ ဘောလုံးကွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ် ၊ ဘောလုံး အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ယင်းနောက်ပြိုင်ပွဲဝင် အားကစားသမားများ၊အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်းများအလိုက် ဆုတံဆိပ်များ ရရှိအောင် အစွမ်းကုန်လေ့ကျင့်ကြိုးစား ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်းရှိ သက်မှတ်အားကစားရုံများအတွင်း ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်း၊ ခရာတေး၊ အလေးမနှင့် လက်ဝှေ့ အားကစားသမား များ စခန်းသွင်းလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီးနှတ်ဆက် အားပေးစကားများပြောကြားကာ ပြိုင်ပွဲဝင်အသင်းများ၏ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ်သာဆောင်တွင် ပြိုင်ပွဲဝင်အားကစားသမားများအတွက် နေ့လည်စာထမင်းနှင့် ဟင်းလျာများ ချက်ပြုတ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ ပြိုင်ပွဲဝင် အားကစားသမားအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် သတ်မှတ်အား ကစားရုံများအတွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားက စားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ရိုးရာခြင်းလုံး၊ ဘောလုံး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဖူဆယ် အားကစားသ မားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ကြမည့်အားကစားသမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်အစွမ်းကုန်မြှင့်တင်နိုင်ရေးအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အား ကစားသမားအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိမှု အခြေအနေများ အားလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20240228 05

20240228 05

20240228 05

20240228 05

20240228 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နေပြည်တော် တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေဇေယျာ”ရက်ကန်းစင်တော်အသင်းအား တွေ့ဆုံပွဲ

မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်း(မုံရွာ)သို့ရောက်ရှိရာ နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု “ရွှေဇေယျာ” ရက်ကန်း စင်တော်အသင်းနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး သာသနာရေးဦးစီးမှူးထံ “ရွှေဇေယျာ”ရက်ကန်းစင်တော်အသင်းအတွက် ငွေကျပ် – ၄၃၀၀၀၀၀ (လေးဆယ်သုံးသိန်းကျပ်)အား ထောက်ပံ့ပေးအပ်ပြီး “ရွှေဇေယျာ” ရက်ကန်းစင်တော်အသင်းသူတစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်များ ကိုယ်တိုင် နမူနာရက်လုပ်ထားသည့် သင်္ကန်းအားကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း၌ နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု “ရွှေဇေယျာ” ရက်ကန်းစင်တော်အသင်း လေ့ကျင့်ရက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20241105 04

20241105 04

20241105 04

20241105 04

20241105 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.