၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၅
၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားက စားနှင့်ကာယပညာဦးစီးဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်း အုပ်ကြီးနှင့်နည်းပြများ၊ အားကစားနည်းအလိုက် တာဝန်ခံများနှင့် အုပ်ချုပ်နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလပထမ အပတ်နေပြည်တော်၌ ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်သို့ မိမိတို့တိုင်း ဒေသကြီးမှ အားကစားနည် ၂၁ နည်းတွင် အားကစားသမား စုစုပေါင်း ၃၇၁ ဦး ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း၊ ယခုချိန်မှစတင်ပြီး စခန်းသွင်းလေ့ကျင့်လျှက်ရှိသော အားကစားသမားများအနေဖြင့် စိတ်ဓါတ်စည်းကမ်းကောင်းမွန်ပြီး အမှန်တကယ် အရည် အချင်းရှိသူများကိုသာ စိစစ်ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော် ကိုပဉ္စမအကြိမ် မြောက်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းအားကစားပြိုင်ပွဲများအနက် အဆင့် အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများ အားကစား နည်းအလိုက် အုပ်ချုပ်/နည်းပြ/အားကစားသမားများ အားလုံးအတွက် ပြိုင်ဆိုင်မှုပြင်း ထန်သည့်ပြိုင်ပွဲဖြစ်သလို ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှလည်း အနိုင်ရရှိရေး ကြို တင်ပြင်ဆင်လာကြမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးမှ တာဝန်ရှိသူများမှ လည်းအထူးအလေးအနက်ထားပြီး စံချိန်ကောင်းများဖြင့် ဆုတံဆိပ်များရရှိကာ အောင်မြင်မှုများရရှိရေး ပေါ့ဆမှုမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြိုးစားကြီးကြပ် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပေးထားသည့် ကြီးကြပ်ရေး ကော်မတီဝင်များမှလည်း ကြည့်ရှုစစ်ဆေးပြီး လစဉ်စံချိန် တိုးတက်မှုရှိ/မရှိ၊ စားသောက် နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအား လစဉ်ပုံမှန်အစည်း အဝေးများတွင် တင်ပြကြရန်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်သည့် အတွက်အောင်မြင်မှုရရှိရေးကိုသာ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင် ရွက်နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အားက စားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)တို့မှ အားကစား နည်းအလိုက် တာဝန်ခံများ၊ နည်းပြ/အုပ်ချုပ်သူများက မိမိတို့တာဝန်ယူဆောင်ရွက်နေ သည့် အားကစားနည်းများအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီး သီးဆွေးနွေးတင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ၊ မုံရွာ ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် ရဟန်းပညာရှိ၊ လူပညာရှိ၊ စာဆိုအကျော်အမော်များ ထွက်ရှိရာဒေသဖြစ်သကဲ့သို့ ယဉ် ကျေးမှုအနှစ်သာရများထွန်းကားခဲ့ပြီး စာဆိုအနုပညာရှင်များထွက်ပေါ်ရာ ရေခံမြေခံ ကောင်းသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မီးခဲပြာဖုံး ဝါသနာရှင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ အဆင့်မြင့်ကျောင်း များ၊ ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာနေပြည်သူများအတွင်း အလားအလာရှိသည့် ရွက် ပုံးသီးအနုပညာရှင်၊ဝါသနာရှင်များအား ရွေးချယ်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အကဲဖြတ် ဒိုင်များအနေဖြင့်လည်း နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် အရည်အချင်းရှိသည့် ပြိုင်ပွဲဝင်များရရှိရေးအတွက် မှန်မှန်ကန်ကန်ဖြင့် ဘက်လိုက်မှုမရှိဘဲအဂတိတရားကင်း စွာဖြင့် စီစစ်ရွေးချယ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲကြီး
ဦးတည်ချက်များအား ထမြောက်အောင်မြင်အောင် တာဝန်ပေးအပ်ထားရှိသည့် ကော်မ တီဝင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ကော်မ တီဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပသွားမည့်လုပ်ငန်းအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ် ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး အခမ်း အနားပြင်ဆင်ရေး၊ ဖိတ်ကြား/ကြိုဆို/နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးကော်မတီ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လည်းကောင်း၊ ပို့ဆောင်ရေးကော်မတီ တိုင်း ဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးသတင်း ကော် မတီ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လည်းကောင်း၊ လုံခြုံရေးကော်မတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လည်းကောင်း၊ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ လည်းကောင်း၊ ဆုချီးမြှင့်ရေး ကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လည်းကောင်း၊ အကဲဖြတ်လုပ်ငန်းကော်မတီ တိုင်းဒေသကြီး စစ်ကိုင်းခရိုင် ကျေးလက်လမ်းဦးစီးဌာနမှ လည်းကောင်း၊ ပြိုင်ပွဲဝင်စီစစ်ရေးကော်မတီ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ လည်း ကောင်း တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု လုပ်ငန်းအခြေအနေများအား အသီးသီးရှင်းလင်း ဆွေး နွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မိမိတို့ခရိုင်များအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်း လင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်း ခရိုင်များရှိ အနုပညာရှင်ကြီးများမှ ပြိုင်ပွဲများ တွင်ဘာသာရပ်အလိုက် ဝင်ရောက်ယဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းတင် ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်များက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ကျင်းပရေးလုပ်ငန်းများနှင့် ပတ်သက် ၍ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



