slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် သံဃာအပါး ၅၀၀ ဆွမ်းသပိတ်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မုံရွာ၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် သံဃာအပါး ၅၀၀ ဆွမ်းသပိတ်လောင်းလှူပွဲကိုယနေ့ နံနက်ပိုင်းက အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအတွင်းရှိ ဘောဂရံသီ ဝိပဿနာ ဓမ္မာရုံကြီးတွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တာဝန်ရှိသူများက မုံရွာမြို့ သာဇံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇဝန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များထံသို့ ဆွမ်းသပိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှူဒါန်းသော ဆွမ်းသပိတ်အလုံး ၁၀၀ အပါအဝင် အလှူရှင်များမှ လှူဒါန်းသော ဆွမ်းသပိတ်အလုံး ၅၀၀အတွက် မုံရွာမြို့ မဟာဝိဇ္ဇာသိပ္ပံ ဆရာတော် အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ရေစက်သွန်းချတရားနာယူအမျှပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အလှူရှင်များနှင့်အတူအဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအတွင်း ဆွမ်သပိတ်များ စုပေါင်းလောင်းလှူခဲ့ပြီး အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဆုတောင်းပြည့် ဘုရားအား ဖူမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်၍ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လက်ယျာရစ် လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြောင်းသိရသည်။

20241025 11

20241025 11

20241025 11

20241025 11

20241025 11

20241025 11

20241025 11

20241025 11

20241025 11

20241025 11

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား တက

မုံရွာ၊ အောက်တိုဘာ ၂၄

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင် ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ ဆရာ၊ဆရာမများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်များနှင့် ဖိတ် ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ရရှိသည့်ဆုတံဆိပ်များမှာ ယမန်နှစ်ကထက် ရွှေတံဆိပ် (၁၆)ဆု ပိုမိုရရှိသည့်အတွက် ယမန်နှစ် အဆင့် (၅) နေရာမှယခုနှစ်တွင် အဆင့်(၂)နေရာအထိ တက်လှမ်းနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသ ကြီးကိုယ်စားပြုပြိုင်ပွဲဝင်များအား တစ်လတာအချိန်ယူပြီး စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း အရည်အချင်းတိုးတက်မှုရှိရေးအတွက် နည်းပြပညာရှင်ကြီးများက စစ်ဆေးမှု(၂)ကြိမ် ပြုလုပ်ခဲ့ ရာထိရောက်သည့်အကျိုးကျေးဇူးများ ခံစားခဲ့ရတာဖြစ်ပါကြောင်း၊ နေပြည်တော်ပြိုင်ပွဲ ကျင်းပ နေသည့်ကာလများအတွင်း လိုအပ်ချက်များမရှိအောင် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင် ရွက်ခဲ့ကြ၍ ယခုနိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးအဆင့်နှင့် လျော်ညီစွာ ပါဝင် ယှဉ်ပြိုင်နိုင်ခဲ့သည့်အတွက် ယခုလိုအောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အနုပညာရပ်များအား စည်းကမ်းတကျ၊ စနစ်ကျနစွာဖြင့် သင်ကြားခဲ့ကြပြီး ဇွဲလုံ့လဝီရိ ယဖြင့်မနားမနေ ကြိုးပမ်းအားထုတ်လေ့ကျင့်ခြင်းများရှိခဲ့သည့်အတွက်လည်း မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့နေဖြင့် ကျေနပ်အားရမိပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲကြီးတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသူများကလည်း မိမိတို့၏ အောင်မြင်မှုများအား ပို၍ပို၍ထူးချွန်ထက်မြက် အောင်မြင်အောင်ရွှေတံဆိပ်ဆုများထပ်ခါထပ်ခါ ဆွတ်ခူးရရှိနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင် ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီး/ပြည်နည်အသီးသီး မှလာရောက်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ချစ်ကြည်ရင်းနှီးမှုများ တည် ဆောက်ခဲ့ပြီးဖြစ်သည့်အတွက် ထာဝရစည်းလုံးညီညွတ်သောခိုင်မြဲသည့် ပြည်ထောင်စုကြီးအား တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနာက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝါပ/ဝါဒု/အဆင်မြင့်/၁၅-၂၀ မဟာဂီတပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမ/ဒုတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဝါဒု/အဆင်မြင့်/၁၀-၁၅/၁၅-၂၀ ကာလပေါ်ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ပထမ/ဒုတိယ/တတိယ ဆုရရှိကြသူများအား ဂုဏ်ပြု ဆုလက်မှတ်နှင့်ဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီးနှင့် တာဝန်ရှိသူများက (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များထံ ဘာသာရပ်အလိုက် နိုင်ငံတော်အဆင့် ပထမ/ဒုတိယ/တတိယ ဆုများရရှိခဲ့ကြသည့် အနုပညာရှင်ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆုလက်မှတ်နှှင့်ဆုငွေများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၅)ကြိမ်မြောက် ငွေရ တုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နိုင်ငံတော်အဆင့်ပြိုင်ပွဲ ကြီးတွင် ရွှေတံဆိပ်ဆုရပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးများဖြင့် ပြန်လည်သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဝါရင့်အနုပညာရှင် ဆရာကြီး/ဆရာမကြီးများနှင့် အောင် နိုင်ရေးကော်မတီဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီး မြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသော အနုပညာရှင်၊အတက်ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်း အမှတ် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသ ကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များနှင့် အခမ်းအနားတက်ရောက် သူများအား ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း(၂၅၀)ဦး ပွဲစဉ်ပေါင်း (၈၉)ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၆)ဆု၊ ငွေတံဆိပ်(၂၁)ဆု၊ ကြေး တံဆိပ် (၁၆)ဆု၊ စုစု ပေါင်း(၆၃)ဆုရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဆင့်(၂)နေရာတွင် ရရှိခဲ့ကြောင်းသိရ သည်။

20241025 01

20241025 01

20241025 01

20241025 01

20241025 01

20241025 01

20241025 01

20241025 01

20241025 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.