၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
မုံရွာတက္ကသိုလ်ကျောင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်း အနားကျင်းပ
မုံရွာ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီ တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်း အတွင်းရှိ စေတီတော်ကြီး ပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာ ဆရာတော်ကြီး များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာန မှူးများ၊ ဆရာ/ဆရာမများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အုတ်ကန်တောရပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ မာနိက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ်များ ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာ တင်ပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူ ကြည်ညိုကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ် ပစ္စည်းများနှင့် ဆွမ်း၊ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအတွက် အလှူငွေကျပ်- ၈၅၉၈၀၀၀ (ရှစ်ဆယ်ငါးသိန်းကိုး သောင်းရှစ်ထောင်ကျပ်)အား မုံရွာတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များထံ ခေတ္တပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။
ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ် များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြပြီး ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရန်အတွက် ရင်ပြင်တော်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
မုံရွာ၊ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာ မများ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာပြီး ရာသီဉတုပြောင်းလဲမှုကြောင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေး အန္တရာယ်များ၏ ဖျက်ဆီးမှုစွမ်းအား များပြားလျက်ရှိနေသည်ကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိရန်နှင့် ထိခိုက်မှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင်လုပ်ဆောင်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေမှုများအား လျော့ပါးစေရန်ထက် သဘာဝဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းစေရန် ဆောင်ရွက်ပေးခြင်းက ပိုမိုထိရောက်နိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်ဆီးမှုများအား လျော့ချ နိုင်မည်ဖြစ်ကာ ပြည်သူလူထုအနေဖြင့် ရာသီအလိုက် ဖြစ်ပေါ်တက်သည့် မည့်သည့်ဘေး အန္တရာယ်အမျိုးမျိုးကိုမဆို အသိသတိရှိစွာဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ် နှင့်(UNDRR)၏ အကြီးအကဲ Mr. Karmal Kishore သဝဏ်လွှာ သတင်းစကားရုပ်သံ Video Massage ၊ သဘာ၀ဘေးလျော့ပါးရေးလှုပ်ရှားမှု မှတ်တမ်းတင် Video နှင့် သဘာဝဘေးလျော့ပါး ရေးဆိုင်ရာ အသိပညာပေးတေးသရုပ်ဖော် Video တို့အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာ ကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြု ဆုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ် ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခန်းမ အတွင်းပြသထားသော သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီကယ် ဆယ်ရေးပစ္စည်း များနှင့်ကူညီကယ်ဆယ်ရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



