slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် သို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကြည့်ရှုအားပေး

မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် သတ်မှတ်အားကစားရုံများအတွင်း၌ ၂၀၂၄-ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအား ကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘော်လုံး၊ ဖူဆယ်နှင့် ကာယဗ လနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့် ရှုအားပေးကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစား အသင်း အုပ်ချုပ်သူများနှင့် ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားက စားနည်း များအလိုက်ဆုများရရှိအောင် လေ့ကျင့်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပြိုင်ပွဲဝင်ကြမည့်အားကစားသမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်အစွမ်းကုန်မြှင့်တင်နိုင်ရေးအတွက် အချိန်ကိုအကြိုးရှိစွာ အသုံးချလေ့ကျင့် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စခန်းသွင်းလေ့ ကျင့်နေကြသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

20241009 05
20241009 06
20241009 07
 
20241009 08
20241009 09
20241009 10
 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံနှင့် တက္ကသိုလ်/ကောလိပ်များပါဝင်သည့် အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၉

၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလတွင်ပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလတွင် လူထုအား ကစားလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံနှင့် တက္ကသိုလ်/ကောလိပ်များပါဝင်သည့် အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အား ကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို ကျေပွန် အောင်ကြိုးပမ်းထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင့်တွင်ပျော်ရွှင်သည့် ဝန်ထမ်းများဖြစ်လာစေရန်နှင့် ဌာနဆိုင် ရာဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားကာ စိတ်ပျော်ရွှင်ပြီး ကျန်းမာကြံ့ခိုင်ကာ ဌာနအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခုပြိုင်ပွဲကြီးအား အားကစားနည်း ၁၁ မျိုးကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်စဉ် ဘက်လိုက်မှုမရှိဘဲ တရားနည်းလမ်းကျစွာဖြင့် အားကစားနည်းဉပဒေ၊ ဉပဒေများနှင့် အညီ စီစစ်ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် ယခုအချိန်မှစတင်ကာ အသင်းများစုဖွဲ့ လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်းနှင့် ပြိုင်ပွဲများကိုလည်း ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည့် အားကစားနည်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံနှင့် တက္ကသိုလ်/ကောလိပ်များပါဝင်သည့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

20241009 01
20241009 02
 
20241009 03
20241009 04
 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.