၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့်အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ အားကစား ကွင်းများ၊ လေ့ကျင့်ရေးအားကစားရုံများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဧပြီလ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းသို့ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့အားကစားကွင်း အတွင်းရှိ အားကစားရုံ အဆောက်အဦများနှင့် ရုံးအဆောက်အဦများ ထိန်းသိမ်းဆောင် ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ပြည်သူ့အား ကစားကွင်းနှင့် ပွဲကြည့်စင်အဆောက် အဦများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်းရှိ ပိုက်ကျော်ခြင်း အားကစားလေ့ကျင့်ရေးရုံ၊ ကရာတေးအားကစားလေ့ကျင့်ရေးရုံ၊GYMအားကစားလေ့ကျင့်ရေးရုံ၊အလေးမ အားကစားလေ့ကျင့်ရေးရုံနှင့် လက်ဝှေ့အားကစားလေ့ကျင့်ရေးရုံများအား လိုက်လံရှင်းလင်းပြသကြပြီး သင်တန်းသား၊သင်တန်းသူများ၏ အားကစားနည်းများအလိုက် စုဖွဲ့လေ့ကျင့်နေမှုများအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်မျာကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး လေ့ကျင့်ရေး အားကစားပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအား ရင်း ရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ ကျောင်းသား၊ကျောင်းသူများ၏ စားရိပ် သာဆောင်၊ စားဖိုဆောင်နှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းဝန်းအတွင်းရှိ အားကစားလေ့ကျင့်ရေးရုံများ၊ ရုံးအဆောက်အဦများနှင့် ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်ပတ်ဝန်းကျင်များအား ပြုပြင်ထိန်းသိမ်းရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီးအတွင်း အပူ ဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ တက်ရောက်
မုံရွာ၊ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စာရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် အသား၊ ငါး၊ ဥ များအား လုံလောက်စွာ မွေးမြူထုတ်လုပ်သွားရေး၊ မွေးမြူ ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူသွားရေး၊ မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးအစာများနှင့် ထုတ်ကုန်များတင်ပို့ရောင်းချနိုင် ရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စည်းဆင်းမှု မြန်ဆန်စေရေးအတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ် ချက်များရှိပါက ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြလုပ်သည့် တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရေး၊ သက်ကြီးအဘိုးအဘွားများနှင့် ကလေးငယ်များအတွက် အပူရှောင်စခန်းများဖွင့်လှစ်သွားရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက် များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



