၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ နှင့် ဟုမ္မလင်းမြို့ ဒေသဖွံဖြိုးရေးလုပ်ငန်းများ အားကြည့်ရှုစစ်ဆေး
မုံရွာ၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်တိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ရှိ မေတ္တာဆည်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ မြို့နေပြည်သူများ သောက်သုံးရေအသုံးပြုနိုင်ရန်အတွက် ရေဂါလံ ၃၄ သိန်းသိုလှောင်ထားနိုင်သည့် အကျယ် ၁ ဧကကျော်ရှိ စိမ့်စမ်းရေထွက်အား ဆည်ပိတ်ကာ အနက် ၁၂ ပေတူးဖော်ထား သည့် မေတ္တာဆည် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မေတ္တာ ဆည်တူးဖော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ အင်ဂျင်နီယာမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ ဟုမ္မလင်းခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ချင်းတွင်းမြစ် ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ်လမ်းများ ဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူပြုသည့် တံတားကြီးတစ်စင်း ဖြစ်ပါကြောင်း၊ ဒေသ၏ ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ်ကာလ တွင်ပြီးစီးရေးနှင့် သက်မှတ်စံချိန်စံညွှန်းများနှင့် အညီအရည်အသွေးကောင်းမွန်အောင် တည် ဆောက်သွားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကိုလည်း စနစ် တကျသုံးစွဲသွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုဆောင်ရွက် စေလိုပါကြောင်း အသေးစိတ်မှာကြားပြီး တည်ဆောက်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူးတံ တား(ထမံသီ) တံတားကြီး တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်း မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံး၏ ၆၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ် စာရင်းစစ်၊ စာရင်းကောက်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက် ကြမည့် ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူအားလုံးအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာရင်းများ ကောက်ယူရာတွင် ကိန်းဂဏန်းများမှန်ကန်တိကျစေရေး အလေးထားဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်စိုးမိုးက ခန္တီးခရိုင် အတွင်းရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနား သို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သွင်းအားစု များထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား သွင်းအားစုများ၊ မျိုးစေ့များနှင့် ဆေး ဖြန်းပုံးများအား ထောက်ပံ့ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသ ခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ၊ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးတို့က ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းရှိ ကျောင်းသူ/သူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့တို့မှလည်း လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း ဆရာတော်ထံ ဝတ္ထုငွေ၊ ဆန်၊ဆီ၊ဆားတို့အား ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းရှိ ကျောင်းသူ/သူများကို ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက် အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်- ၂ တည်ဆောက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဟွေထိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီး စီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား အရည် အသွေးကောင်းမွန်စွာဖြင့် စံချိန်စံညွှန်းမီကာသက်မှတ်ကာလတွင် အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများလုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟွေထိုက် အသေး စားရေအားလျှပ်စစ်စီမံကိန်း ပင်မတမံ၊ ရေသွယ်မြောင်း၊ ရေလွှဲရေထုတ်ပြွန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက် အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသို လှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀.၃၁၈ ကီလိုဝပ်နာရီ သန်းပေါင်းအား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။
ယင်းနောက် လဟယ်မြို့နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ့် စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧက ကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန် ဆောင်ရွက်ပြီးစီးမှုအား လိုက်လံ ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းအထူး (၁၉)အဖွဲ့မှ ဆောင်ရွက်နေသည့် ခန္တီး-ဆင်သေ-လဟယ်လမ်းပေါ်ရှိ လဟယ်မြို့အဝင် လမ်းအား လမ်းပခုံးသားတိုးချဲ့နေမှု၊ မြေထိန်းနံရံများကြံ့ခိုင်မှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လဟယ်မြို့အဝင် မုဒ်ဦးတည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ နာဂရိုးရာယဉ် ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သော လဟယ်မြို့ရှိ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက် ရောက်ကြရာ လဟယ်မြို့ နှင့် နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ မြို့နယ်အလိုက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရှိမြို့နယ်များ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များဝင်က မိမိတို့ဌာနများအလိုက် တာဝန်ယူဆောင်ရွက်နေသည့် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ၌ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပညာရေး၊ ကျန်း မာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး နှင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာကောက်ယူရေးဆိုင်ရာ လုပ်ငန်းများပူး ပေါင်းဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက လဟယ်မြို့ဖွံ့ဖြိုးတိုးတက် အတွက် လိုအပ်သည်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု အဖွဲ့အား ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက လုံခြုံရေးတာဝန်များထမ်းဆောင်နေသူများအတွက် ငွေကျပ် ၁၀ သိန်းအားလည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသအဆင့်ဌာနဆိုင်ရာ ဝန် ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နန်းယွန်းမြို့နယ် ဌာနဆိုင် ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း အားလည်းကောင်း တာဝန်ရှိသူများထံ အသီး သီးထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လဟယ်မြို့ ဒေသခံတောင်သူများအတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန်၊ နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀များဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက် သွယ်ရေး အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နာဂဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်ရန် ဌာနဆိုင်များနှင့်ဒေသခံပြည်သူများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်မှုအခြေ အနေများကို အသေးစိတ်ရှင်းလင်းမှာကြားကာတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



