၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၄/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း (၄/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနားကို ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ ကွန်ပျူတာနည်းပညာများ တတ်မြောက် ကျွမ်းကျင်စေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးစိုက်ရာ မြို့ပေါင်း ၆ မြို့တွင် ကွန်ပျူတာသင်တန်းများဖွင့်လှစ်နိုင်ရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပြီး ကွန်ပျူတာသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့် လှစ်နိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ကွန်ပျူတာသင်တန်းတက်ရောက်ခဲ့ကြသည့် လူငယ်များအနေဖြင့် သင်တန်းမှရရှိခဲ့သည့် အသိပညာ၊နည်းပညာများအား ကျွမ်းကျင်တတ်မြောက်အောင် ဆက်လက်လေ့လာဆည်းပူး သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့၏ဘဝများ အောင်မြင်မှု များရရှိအောင်နှင့် မိမိဒေသအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် အောင်ဝိုင်းဝန်းဖော်ဆောင်နိုင် သည့် လူငယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအတွင်း ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေ အနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက် မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေ သကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းနည်းပြထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက် ကူးကာ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။












စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီး အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား တက် ရောက်
မုံရွာ၊ ဇူလိုင် ၂၂
၂၀၄-၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အခွန်ထမ်းဆောင်ပြည်သူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့်အခွန်ငွေ များအပြည့်အဝရ ရှိမှသာ ပြည်သူ့အကျိုးပြုသုံးစွဲငွေများအား သုံးစွဲနိုင်မည်ဖြစ်ကာ အခွန်ငွေများတိုးတက်ကောက် ခံရရှိရန်လိုအပ်ပါကြောင်း၊ အခွန်ပေးဆောင်ရသူများ အနေဖြင့်လည်း မိမိပေးဆောင်သည့် အခွန် နှင့်ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေ၊နည်းဥပဒေများအရ ပေးဆောင်ရန်တာဝန်ရှိပြီး ရှင်းရှင်း လင်းလင်းသိရှိမှသာ အခွန်ငွေများအား လိုလားစွာပေးဆောင်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အခွန်ကောက်ခံမှုအပေါ် အလေးထားဆောင်ရွက်နေမှုများအား တွေ့မြင်နိုင်မှာဖြစ် သကဲ့သို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အနေဖြင့်လည်း အခွန် ကောက်ခံမှုလုပ်ငန်းများအား မျက်ခြေမပြတ်ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခွန်ထမ်းပြည်သူများအနေဖြင့် တစ်ဦးချင်းစီအလိုက် အခွန်တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ပြည်သူအများလိုလားတောင်းတသည့် စည်ပင်သာယာဝပြောသည့် လူမှု့ဘဝအစစ် အမှန်များအား ရရှိမှာဖြစ်သလို နောင်လာမည့်မျိုးဆက်သစ်များအပေါ် တာဝန်ကျေပွန် မည်ဖြစ်ကာ ကောင်းမွန်ပြည့်စုံသည့် လက်ဆင့်ကမ်းတာဝန်များကိုလည်း လွှဲပြောင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ အခွန်ဝန်ထမ်းများအနေဖြင့် ကောက်ခံရန်သတ်မှတ်ပေးထားသည့် လျာထား ချက်များအား ပြည့်မီကျော်လွန်စွာကောက်ခံရရှိရေး၊ ရသင့်ရထိုက်သည့်အခွန်ငွေများအား တိမ်း ရှောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုရယူသူများထံမှ အခွန်အခလွတ်ကင်း လျော့နည်းမှုမရှိစေရန် ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးစောဆွေက အခွန်ဆိုင်ရာသိကောင်းစရာများအား လည်းကောင်း၊ မုံရွာမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တင်ဒါနှင့်ပတ်သက်သည့် အခွန်ကိစ္စရပ်များနှင့် ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



