slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများဆက်ကပ် လှူဒါန်း

မုံရွာ၊ ဇူလိုင် ၂၁

မုံရွာမြို့ပေါ်ရှိကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် ဆရာတော်၊သံဃာတော် များဝါတွင်းကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွား များနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးနှင့် ပင့်သဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ယင်းနောက် မြို့မရွှေဂူကျောင်းတိုက်ရှိ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ပြုပြင်တည်ဆောက်ပေးမည့် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ နှစ်ပေါင်း ၇၄ နှစ်ရှိ စန္ဒရံသီဘုန်းကြီးကျောင်း နံကပ် ၂ ထပ် ကျောင်းဆောင်အဆောက်အဦ ယိုယွန်းပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ ကျောင်းတိုက်ကြီးအတွင်းရှိ ပျက်စီးနေသည့် ကျောင်းအတွင်းပတ်လမ်း အရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေ၊ ကတ္တရာလမ်းထပ်ပိုးလွှာ ခင်းကျင်းမည့်နေရာများအား လိုက်လံကြည့်ရှုစစ် ဆေးကာ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိဂြောဓာရုံကျောင်း တိုက်ကြီးရှိ ဝိဇ္ဇာမဂ္ဂဒိပနီဗိမာန်တော်ကြီး၌ မဏိရတနာပုံကျောင်းတိုက်ကြီးနှင့် နိဂြောဓာရုံ ကျောင်းတိုက်ကြီးများရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

အဆိုပါ ကျောင်းတိုက်ကြီး ၃ တိုက်ရှိ ဆရာတော်၊သံဃာတော် ၃၀၂ ပါးအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် – ၄၉ အိတ်၊ ဆီ – ၉၀ ပိဿ၊ ဆား – ၃၇ ပိဿ၊ ပဲ – ၉၀ ပိဿနှင့် ကြာဇံ – ၃၇ ပိဿအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240206 08

20240206 08

20240206 08

20240206 08

20240206 08

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းပွဲကျင်းပ

မုံရွာ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက၊ သက်တော်ရှည် ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နာယူကြည် ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူ များက သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋက ဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆို ဆုတောင်း ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၅၅ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာ တော် ၂၂၃၉ ပါးတို့အား ဝါဆိုသင်္ကန်း ၂၂၃၉ စုံနှင့် သီလရှင် ကျောင်း ၃၈ ကျောင်း တို့မှ သီလရှင်ဆရာကြီး ၁၁၆၃ ပါးတို့အား သီလရှင်ဝတ်စုံ ၁၁၆၃ စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း ၄၀ ပါး၊ တောင်တန်းသာသနာပြုဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသ များမှ သာသနာပြုရဟန်း ၁၂၉ ပါး၊ သီလရှင် ၇ ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခုလှူ ဒါန်းမှု ဝါဆိုသင်္ကန်းစုစုပေါင်း ၂၄၆၂ စုံနှင့် သီလရှင်ဝတ်စုံ ၁၁၇၀ စုံအား ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

20240722 09

20240722 09

20240722 09

20240722 09

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.