၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ လေးတောင်ပြင်ကျောင်းတိုက်ကြီး အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလ အတွင်း စိတ်အေးချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်အတွက် စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်ကြီးအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထေွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက် ကုန်များ၊ ဟင်းသီးဟင်းရွက်များနှှင့်စားသုံးဆီများအား စေျးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေ မှုများအား ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများနှင့် အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန် ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်း အစည်း အဝေး(၃/၂၀၂၄) တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကုန် ဈေး နှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃/၂၀၂၄)ကို စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မုံရွာမြို့ပေါ်ရှိ ကုန်သည်/စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်း ရှင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေးအတွက် စားသာက်ကုန်နှင့်လူသုံးကုန်များအား ဖူလုံ ပြည့်ဝစွာထုတ်လုပ်နိုင်ပါက ကုန်ဈေးနှုန်းတည်ငြိမ်မည်ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများကို တိုးမြှင့်ထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သားငါးကဏ္ဍနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား တိုးမြှင့်ထုတ်လုပ်ခြင်း ဖြင့်ပြည်သူများအလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ ထုတ်ကုန်များပေါများခြင်းနှင့် ကုန်ဈေးနှုန်းမြင့်မားမှုမရှိစေရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပြည််ပမှတင်သွင်းဖြန့်ဖြူးရသည့် စက်သုံးဆီ၊စားသုံးဆီများကို လည်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် စနစ်တကျမှန်ကန်စွာ ဖြန့်ဖြူးရောင်းချသွားကြ ရန်နှင့် ဆန်နှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ဈေး ကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများမှ မြေပြင် အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအား အား ပေးပံ့ပိုးခြင်း၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ တရား မဝင်ကုန်သွယ်မှုနှင့် ဥပဒေနှင့်မညီသည့် မတော်လောဘစီးပွားရေး၊ ကုန်ဈေးနှုန်းတည် ငြိမ်မှုအား ပျက်ပြားစေမည့်ကိစ္စရပ်များ မဖြစ်အောင်ထိန်းကျောင်းကြပ်မတ်ခြင်း၊ ကုန် စည်စီးဆင်းမှုမှန်ကန်စေရေး၊ ကုန်ကြမ်းလုံလောက်စွာ ဝင်ရောက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်မှုများမရှိအောင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီးအတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေး အတွက် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စိုက် ပျိုးရေးတောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကာ တိုင်းဒေသကြီး၏ ကုန်စေျးနှုန်း တည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအနေဖြင့် တိုင်းဒေသကြီးအတွင်း ကုန် ဈေးနှုန်းတည်ငြိမ်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မုံရွာမြို့ပေါ်ရှိ ကုန်သည်/ စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ထုတ်လုပ်တင်ပို့ ဖြန့်ဖြူးရောင်းချနေမှုများနှင့် ပူးပေါင်းဆောင်ရွက် ပေးလိုသည်များအား အသီးသီးဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ မိမိတို့ခရိုင်အတွင်း မြို့နယ်များ၌ ကုန်စေျးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



