slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် သီးစုံအခြေခံ ယိုနှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ၂/၂၀၂၄ ဖွင့်ပွဲအခမ်းအနား တက် ရောက်

မုံရွာ၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် သီးစုံအခြေခံ ယိုနှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ၂/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပ ပြုရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဓေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန်စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကာဟချက် ကျဉ်း မြောင်းစေရေး မျှော်မှန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင် တန်းမှပို့ချသင်ကြားပေးလိုက်သည့် အသိပညာ၊ အတက်ပညာ၊ ဗဟုသုတများအား အသုံးချကာ မိမိနှင့်မိမိတို့မိသားစု၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေး၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေးနှင့် ပြည်ပငွေစီးဆင်းမှုလျော့နည်း၍ နိုင်ငံ့စီးပွား အထောက်အကူပြုသည့် လုပ် ငန်းရှင်များဖြစ်လာကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240705 01

20240705 01

20240705 01

20240705 01

20240705 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများအား စနစ်တကျ သုံးစွဲနည်း ပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဇူလိူင် ၃

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိူင်လ ၃ ရက်နေ့၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှု ရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ ၏စွမ်းဆောင်ရည်မြှင့်တင်ရန်၊ အမျိုးသမီးများအနေဖြင့် ကဏ္ဍတိုင်းတွင် အမျိုးသားများနှင့်တန်း တူအခွင့်အရေးရရှိရန်အတွက် အမျိူးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးလုပ် ငန်းများအား ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိူးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ငြိမ်းချမ်း‌ရေး ကဏ္ဍများတွင် လည်း ဘက်စုံပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျား၊မတန်းတူညီမျှမှုနှင့် အမျိုး သမီးငယ်များအားလုံး စွမ်းပကားမြင့်မားရေးပန်းတိုင်သည် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပုံစံအားလုံး အဆုံးသတ်စေရေးနှင့် အမျိုးသမီးများအားလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိကျခိုင်မာသည့် ရည်ရွယ်ချက်တစ်ခုဖြစ်ပါသောကြောင့် မိမိတို့တိုင်းဒေသကြီးအတွင်း အမျိုး သမီးများနှင့်သက်ဆိုင်သော လုပ်ငန်းရပ်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်‌ပေးသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံး ပထမဆုရရှိသူ အထက ကျွန်းလှမှ မဝင်းလက်တွယ်တာနှင့် နဝမအဆင့်ဆုရရှိသူ အထက-၃ ကသာ မှမရည်ဝေလင်း
တို့အား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုလက်မှတ်အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကမှ မြန်မာ့လက်ရွေးစင် ခြင်းလုံးအား ကစားနည်းတွင် ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုရရှိသူ မငြိမ်းအိမွန်အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များမှ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်၊ ခွန်ဘိုကာတာ၊ လှေလှော်၊ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဂျူဒို အားကစား နည်းတွင် ငွေတံဆိပ်၊ကြေးတံဆိပ်ဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုလက် မှတ် များအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီးမှ စက်ချုပ်သင်တန်းနည်းပြ တစ်ဦး ထံဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုလက်မှတ်အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၏ဇနီးမှ စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူ ၂ ဦးထံ ဂုဏ် ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၏ဇနီးမှ စက်ချုပ် သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူ ၂ ဦးထံ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုသားဖွားသင်တန်း ကျောင်း(မုံရွာ)မှသင်တန်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှု အားပေး ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌမှ တေးသီချင်းများဖြင့်ကပြဖျော်ဖြေပေးသွားကြသော သူနာပြုသားဖွားသင်တန်းကျောင်း (မုံရွာ)မှ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာ သူများအားရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှတ်တမ်းဓါတ်ပုံများနှင့် စက်ချုပ်သင်တန်းမှ သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ခရိုင် စိုက် ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သော တစ်ဧကပန်းတိုင်းအထွက်နှုန်း ရရှိရေးအတွက်သွင်းအားစုများအား စနစ်တကျသုံးစွဲနည်း ပညာပေးဆွေးနွေးပွဲသို့ တက် ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တစ်ဧက ပန်းတိုင်း အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများအား စနစ်တကျသုံးစွဲနည်းအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လျာထားစိုက်ဧကများပြည့်မီစွာစိုက်ပျိုးရေးနှင့် စိုက်ပျိုးသည့်သီးနှံများပန်းတိုင် အထွက်နှုန်းရရှိ ရေးအတွက်လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား ယူရီးယားဓါတ်မြေသြဇာများအား ထောက် ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နီဂုံးချုပ်စကား ပြော ကြားကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

20240704 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.