slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ခန္တီးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခန္တီးခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ခန္တီးမြို့နေပြည်သူများ သောက်သုံးရေဖူလုံပြည့်ဝစွာရရှိစေရန်အတွက် ခန္တီးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဇီးဖြူကုန်းရပ် ကွက်ရှိ ချင်းတွင်းမြစ်မှ 590 watt Solar ၊ 60 Nos Array 2 စုံ၊ 15 Hp Pump (1)Set ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်ရာရှိမှ ဆိုလာရေတင်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ နှင့် မြို့နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ချင်းတွင်းမြစ်မှ ဆိုလာရေတင် စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် မြို့နေပြည်သူများအား သောက်သုံး ရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ရေတင်စက်ရုံနှင့် ဆို လာများတပ်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ နယ်စပ်ဒေ သတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်း သား၊ကျောင်းသူများ ပညာသင်ကြားရေးလုပ်ငန်းများနှင့် အုပ်ချုပ်မှု၊စီမံမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူအိပ်ဆောင်များ၊ ထမင်းစားဆောင် များနှင့် စားဖိုဆောင်တို့အား လိုက်လံကြည့်ရှုကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ စားဝတ်နေရေး သက်သာချောင်ချီရေးတို့အတွက် သန့်ရှင်းလက်ဆက်သည့် စားဖိုဆောင်သီးနှံ စိုက်ခင်းများ စိုက်ပျိုးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၂၀၂၆ ခုနှစ်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုး သား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားများ တက်ရောက်

မုံရွာ၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ် လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကွင်းစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင် အသင်းဝင်အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ် လုပွဲစဉ်အဖြစ် ရေဦးမြို့နယ် အမျိုးသားအသင်းနှင့် မုံရွာမြို့နယ် အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ရေဦ်းမြို့နယ်အသင်းမှ မုံရွာမြို့နယ် အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် များက အမျိုးသား၊အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆု ရရှိသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြ သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက (၃) ယောက်တွဲ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် မြောင်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် မုံရွာမြို့နယ်အသင်း၊ ပထမဆုရရှိသည့် ကျွန်းလှမြို့နယ်အသင်းများ အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၃)ယောက်တွဲ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် မြောင်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ကလေးမြို့နယ် အသင်း၊ ပထမဆုရရှိသည့် ရေဦးမြို့နယ်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု များအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၄)ယောက်တွဲ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယရရှိသည့် ကလေးမြို့နယ်အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံ ဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းအား လည်း ကောင်း၊ ဒုတိယဆုရရှိသည့် မုံရွာမြို့နယ် အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၅ သိန်းအား လည်း ကောင်း၊ ပထမဆုရရှိသည့် ရေဦးမြို့နယ် အမျိုးသားအသင်းများအား တစ်ဦးချင်းဆုတံ ဆိပ်၊ ငွေသားဆုငွေကျပ် – ၇ သိန်းနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.