slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေး ဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်

မုံရွာ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ လုပ် ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (PPTT)အမှတ်စဉ် (၁၁/၂၀၂၄) မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပဉ္စဗလ ဘက်စုံသုံးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ များအကျိုးစီးပွားကို ဦးစားပေးအလေးထား၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ကျန်းမာရေး၊ ပညာ ရေး၊စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အားတစ်ပြိုင်တည်း ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအား လွှမ်းခြုံဆောင် ရွက်ပေးနေခြင်းသည် မြို့နယ်အလိုက်၊ ဒေသအားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ မောင်မယ်များ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ရင်သွေးငယ်များ အနာဂတ်ကောင်းမွန် ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ကျောင်း သူမောင်မယ်များအနေဖြင့် မုံရွာပညာရေးဒီဂရီကောလိပ်ကနေ သင်ကြားပို့ချမည့် ပညာရေးဆိုင် ရာဘာသာရပ်များအပြင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သကဲ့သို့ သင်တန်းများပြီးဆုံး၍ နေရာဒေသအသီးသီးတွင်ရှိသည့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ကြသည့် အခါ ယခုပညာရပ်များ၊အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး ပြန်လည်အသုံးချဆောင်ရွက်နိုင် အောင် ကြိုးစား၍လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပ ညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂၀၂၄) သင်တန်းသား/သူများအတွက် ငွေကျပ်- ၄၆၅၀၀၀၀
(လေးဆယ်ခြောက်သိန်း ငါးသောင်းကျပ်)အား သင်တန်းသား/သူ ၂ ဦးထံသို့ လည်းကောင်း၊ မုံရွာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်- ၁၀ သိန်းတို့အား ထောက်ပံ့ပေး အပ်သည်။
ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး သင်တန်းသား/သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ကပြဖျော်ဖြေသွားကြသည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာကြသော ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

new 20240301 07

new 20240301 07

new 20240301 07

new 20240301 07

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက် လံကြည့်ရှုစစ်ဆေး

မုံရွာ၊ ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပြပုလုပ်သော ကလေးခရိုင်/မြို့ နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးခရိုင် ပညာရေးမှူးက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား၊သူများ ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင် ပညာရေးမှူးထံ ထောက်ပံ့ ငွေများအားပေးအပ်ပြီး ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့် လှစ်ထားရှိမှုနှင့်ကျောင်းသား၊သူများ ကျောင်းအပ်နှံမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်စိုက်ပျိုးရေးဦး စီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူးက ခရိုင်/မြို့နယ်များအတွင်း သီးနှံများစိုက် ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ကလေးခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်နေသည့်လုပ် ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ကလေးခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး လုပ်ငန်း များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်၊ နတ်ရှင်နောင်လမ်းပိုင်း(၂)အား အရှည် – ၂၅၀၀ ပေ၊ အကျယ်-၁၈ ပေ၊ ၇ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြိုံနယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှေက်ထား ခဲ့ကြောင်း သိရသည်။

20240523 06

20240523 06

20240523 06

20240523 06

20240523 06

20240523 06

20240523 06

20240523 06

20240523 06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.