၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁၅၉) အခြေခံ ပညာမူလတန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
မုံရွာ၊ ဇွန် ၂၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁၅၉)အခြေခံပညာမူလတန်းကျောင်း၌ သစ် ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ခြင်များပေါက်ပွား နိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊တိုင်းဒေသကြီးတရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင်များနှင့်ဇနီးများ၊တာဝန်ရှိသူများကစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆီကုန်သည်ကြီးများ အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့်အတူတကွ နံနက်စာများသုံးဆောင်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၃မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၈၀၀ ကျော်ဖြင့် ကျောင်းများ ဉပတိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ် ကွက်အတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ စည်သူလမ်းနှင့်ရေကူးကန်လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများအား ပြန်လည်ဆည်ယူခြင်း၊ အသစ်တူးဖော်ခြင်းနှင့် လမ်းဖြတ်တံတားများ ဆောင်ရွက်နေမှုလုပ်ငန်းခွင် သို့ရောက်ရှိရာ မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက စည် သူလမ်း အရှည် – ၁၂၅၀ ပေ၊ အကျယ် – ၃ ပေ၊ အနက် – ၃ ပေ အုတ်စီရေမြောင်းများ ဆောင် ရွက်သွားမည့် လုပ်ငန်းများနှင့် လမ်းဖြတ်တံတားများ ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင် ရွက်နေသည့် လုပ်ငန်းများအား စံချိန် စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာ တည်ဆောက်သွားရေးနှင့် သက်မှတ်ကာလတွင်အပြီး ဆောင်ရွက်သွားရေးအား အသေးစိတ်မှာကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကိုတာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်း သားများနှင့် တွေ့ဆုံ
မုံရွာ၊ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများ လိုက်ပါလျက် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဟုမ္မလင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲဝင်းက ခရိုင်အတွင်းရှိ မြို့နယ် များ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖများက ဟုမ္မလင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ဟုမ္မလင်းခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွား မည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသူ များအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန် ထမ်းများ၊ ဟုမ္မလင်းမြို့နယ် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ချင်းတိုင်း ရင်းသားအဖွဲ့များ အတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းခရိုင်/မြို့နယ်များ အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ရန်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ခရိုင်နှင့်မြို့နယ်များ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအားလုံးအပေါ် အုပ်ချုပ်ရေးမှူးများမှ ဦးစီးခေါင်းဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများအား အသေးစိတ်ရှင်းလင်း မှာကြားခဲ့ပြီး ဒေသဖွံ့ဖြိးရေးလုပ်ငန်းများအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြား ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့မ ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များထံ ဝတ္ထုငွေများနှင့် လှူ ဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



