slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်း များ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကလေးအလုပ် သမားပပျောက်ရေး ကော်မတီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ပါ ရည်မှန်းချက်များဖြစ်သည့် “ခိုင်မာတိကျသောအခြေခံအချက်အလက် များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေး၊ အသက်မွေး ဝမ်းကြောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာပြုပြင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများအားဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစု အတွက်ပိုမိုကောင်းမွန်သော အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်များရရှိစေခြင်း” အား အောင်မြင်စေရန်အတွက်ကော်မတီ(၈)ရပ်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များဖွံ့ဖြိုးမှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ပုံရိပ်အား ဖန်တီးပေးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုစသည့် စိန်ခေါ်မှုများ သည် ကလေးအလုပ်သမားများ အသုံးပြုနေသည့် အဓိကအခြေခံအကြောင်းအရင်း ဖြစ်သည့်အတွက် တိုက်ရိုက်ဆက်စပ်နေ ပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်မှ အမျိုးသားအဆင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှု ရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက် ထားရှိပါကြောင်း၊ ယခုဖွင့်လှစ်မည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသည်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည့်အတွက် သင်တန်းသူများအနေဖြင့် စာတွေ့၊ လက်တွေ့သင်ကြားနိုင်သည့် အခွင့်အရေးများရရှိမှာဖြစ်သည့်အတွက်တန်ဖိုးရှိသည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်းနှင့် ယခုသင်တန်းမှ သင်ကြားပေးမည့်ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့် အလမ်းရရှိပြီး အောင်မြင်သည့် လူမှုစီးပွားဘဝများ တည်ဆောက်နိုင်ကြပါစေကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် – ၁၉၅၇၅၀၀/- (တစ်ဆယ့်ကိုးသိန်း ငါးသောင်းခုနှစ်ထောင့်ငါးရာ)ကျပ်အား ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှု ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ရက်သတ္တပတ် ၁ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၃၉ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

20240814 01

20240814 01

20240814 01

20240814 01

20240814 01

20240814 01

20240814 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား တက်ရောက်

မုံရွာ၊ သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)နှင့် အခြေခံ ပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ လူငယ်များက “လူငယ်စွမ်းရည်” ဂုဏ်ပြုတေးသီ ချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် ကမ္ဘာ့ကုလသမဂ္ဂပါအဝင် နိုင်ငံအား လုံးကလူငယ်များအားလုံးကို အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊ လူငယ်များ၏အရေးပါ မှုအားအသိအမှတ်ပြုပြီး ခေတ်ကာလအခြေအနေအားထင်ဟပ်သည့် ဆောင်ပုဒ်အသီးသီးဖြင့် နှစ်စဉ်ကျင်းပလျှက်ရှိရာတွင် ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ် အဖြစ် “စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးလူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့်ဖော် ဆောင်ပေး”ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်လူငယ်လူရွယ်များသာမကဘဲ ပညာဆက်လက် သင် ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေ နိုင်ရန်အသက်မွေးဝမ်းကျောင်း သင်တန်းများအားဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများ အပါအဝင်ကဏ္ဍအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိပါ ကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများအား တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း များ၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အနာဂတ်တွင်ကျန်းမာကြံ့ခိုင်သော၊ ကိုယ်ကျင့်တရားကောင်း မွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိသော လူ့ကျင့်ဝတ်လူ့တန်ဖိုး များအားအလေးထား၍ စိတ်ဓါတ်စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များ မွေးထုတ် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘက်စုံထူးချွန်သည့် ယင်းလူငယ်များ၏စွမ်းပကားဖြင့် သက်ရွယ်စုံညီ ပါဝင်သော လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော အနာဂတ်လူ့ ဘောင်အဖွဲ့အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်း ကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာစီးပွားရေး တက္က သိုလ်မှ ကျောင်းသား၊သူများနှင့် မသန်စွမ်းလူငယ်တစ်ဦးတို့က တိုင်းရင်းသားစည်း လုံးညီညွတ် မှုအာ ဖော်ဆောင်ထားသည့် တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ၂၀၂၄-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ကပြသီဆိုဖျော်ဖြေတင်ဆက်သွားကြသည့် လူငယ် များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စကားရည်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မုံရွာတက္ကသိုလ်မှ ကျောင်းသား၊သူ များက ပြန်လည်တင်ဆက်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေး ပြီးတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက် ရောက်လာကြသည့် လူငယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ပြခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာကဏ္ဍပြခန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြ ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ် စကားဝိုင်းကိုကျင်းပရာ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသား/သူများက “ဗလငါးတန်”ခေါင်း စဉ်ဖြင့်ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်လူငယ်များက သိရှိလိုသည်များ မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စကားဝိုင်းသို့တက်ရောက်လာသူများ အား နေ့လည်စာထမင်းဗူးများ ဝေငှခဲ့ကြောင်း သိရသည်။

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

20240813 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.