slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေဆက်ကပ်ခြင်းအခမ်း အနား ကျင်းပ

မုံရွာ၊ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေဆက်ကပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ဗိမ္မန် တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သော ဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိသတ် များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဩဝါဒါခံယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်း နိုင်ရေးကိစ္စနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ အလှူတော်ငွေကျပ် သိန်း (၅၀၀) (ငါးရာ)ကျပ်အား ပေးအပ်လှူ ဒါန်းသည်။

ဆက်လက်ပြီး သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌ တု ၃ ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက် ကပ်လှူဒါန်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရသည်။

20240617 08

20240617 08

20240617 08

20240617 08

စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိ မာန်တော် အနီး “ရွှေတောင်ရိုး မိုတယ်”ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၁၄

စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊စေတီပုထိုးများအားသို့ လာရောက်ဖူးမျှော်ကြမည့် ပြည် တွင်း/ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီ တော်မြတ်ကြီး သာသနာ့ဗိမာန်တော်အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုး မိုတယ်”ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီတော်ကြီး မုဒ်ဦး ရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက “ရွှေတောင်ရိုးမိုတယ်” ဖွင့်လှစ်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ရွှေတောင်ရိုး မိုတယ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ “ရွှေတောင်ရိုးမိုတယ်” ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများမှ ရွှေတောင်ရိုးမိုတယ်အတွင်း လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စိန်ကုန်း ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့တွင် စစ်ကိုင်းတောင်ရိုး တောင်တက်လမ်းအခြေခံအလွှာပြုပြင် ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင် သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အပိုင်း ၁ အရှည်- ၃၆၀၀ ပေ၊ အကျယ် – ၃၆ ပေ၊ ၃ လက်မ ခွဲထု၊ အပိုင်း ၂ အရှည်- ၄၀၀၀ ပေ၊ အကျယ် – ၃၂ ပေ၊ ၃ လက်မခွဲထုနှင့် အပိုင်း ၃ အရှည်- ၃၃၀၀ ပေ၊ အကျယ် – ၃၂ ပေ၊ ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ကာ နိုင်လွန်ကတ္တရာခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၃ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနှင့် တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ရွှေမင်းဝံဒိုင်း အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ မဟာယူနိက်တက်အသင်းမှ စစ်ကိုင်းယူနိုက်တက်အသင်းအား အနိုင်ရရှိသွားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းများမှ အုပ်ချုပ်သူများထံ လာ ရောက်ယှဉ်ပြိုင်မှုခရီးစရိတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20240617 01

20240617 01

20240617 01

20240617 01

20240617 01

20240617 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.