slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်းဘုတ်စိုက်ထူပွဲနှင့် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ၊ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ် လမ်းရှိ ကန်သာယာကန်အနီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်း ဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများနှင့်အတူ အဆိုပါဆိုင်းဘုတ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုသွား မည့်ပစ္စည်းများ၊ ပိုစတာနှင့် လက်ကမ်းစာစောင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄-ခုနှစ်၊ လူဦးရေ နှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်တွင် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်ရေး များနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ် စေရေး၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ် လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာ သည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်းအချက် အလက်မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း မှရရှိသည့် လူဦးရေစာရင်းအားမှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ (၁၅)ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီကြပ်မှုကော်မတီအနေဖြင့်လည်း သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့် မြေပုံရေးဆွဲခြင်း အဆောက်အဦ မှတ်တမ်းတင်ခြင်း၊ ကောက်ကွက်ဖွဲ့စည်းခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များစုဖွဲ့၍ သက်မှတ် သင်တန်းများ ဆောင်ရွက်ခြင်းတို့အား ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်း အဆင်ပြေစေရေးအတွက် ဆောင်ရွက်ရမည့် အုပ်ချုပ်မှုလုပ်ငန်းများ သင်ကြားပေးသွားမည် ဖြစ် ၍တက်ရောက်မည့် အရာရှိများအနေဖြင့်လည်း အလေးအနက်ထားခံယူပြီး တက်ရောက်သွားရန် မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် သန်းခေါင်စာရင်းကော်မတီများမှ တာဝန်ရှိ သူများအနေဖြင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီး ဦးစီး မှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240612 15

20240612 15

20240612 15

20240612 15

20240612 15

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း ဆင်း ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် တာ ဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရပ်ရွာ အခြေပြု အိမ်တွင်းမှုသက်မွေးသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခြေခံစက်ချူပ်သင်တန်းသည်လည်း အမျိုးသမီးများ အတွက် မိသားစုဝင်ငွေရရှိနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်သည့်အတွက် သင်တန်း သူများအနေဖြင့် သင်တန်းမှစာတွေ့လက်တွေ့ပို့ချထားမှုကြောင့် လက်တွေ့အသုံးချနိုင်သည့် အခွင့်အရေးရရှိမှာဖြစ်သည့်အတွက် အလွန်အဖိုးတန်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချပေးသည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာနှင့် သင်ယူမှတ်သားကြသည်များအား ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ အခြေခံစက်ချုပ်သင်တန်းသို့ တက်ရောက်ကျသည့် သင်တန်းသူများအနေဖြင့် မိမိတို့ မိသားစုအတွက် ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များရရှိပြီး ဝင်ငွေ ရရှိသည့် အလုပ်အကိုင်များရရှိနိုင်ကြစေရန် ဆုမွန်းကောင်းတောင်းအပ်ပါကြောင်း၊ ယခုသင် တန်းဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် တိုင်းဒေသကြီး လူငယ်ရေးရာကော် မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြများအားလုံးကို မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြထံ ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကမှ သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက သင်တန်းသူ ၂ ဦးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန် လည်ပြောကြားပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အမျိုးသားဝတ်၊ အမျိုး သမီးဝတ် အဝတ်ထည်များနှင့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

20240612 07

20240612 07

20240612 07

20240612 07

20240612 07

20240612 07

20240612 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.