၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၄) ကျင်းပ
မုံရွာ၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊စစ်ကိုင်းခရိုင်၊ ရေဦး ခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများမှ VideoConferencingစနစ်ဖြင့်တက်ရောက်ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိရန် တာဝန်ရှိသူများ အနေဖြင့်ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ပညာရေး၊ကျန်းမာရေး၊ လူမှု စီးပွားဘဝမြင့်မား တိုးတက်လာမှာ ဖြစ်ပါကြောင်း၊ စားရေရိက္ခာပေါများရေးအတွက် ဝယ်လိုအားထက်ရောင်းလိုအားများရန်အတွက် ကုန်ပစ္စည်းပေါပေါ များများဖြင့်ဈေးနှုန်းသက်သာကာ အရေအသွေးမြင့်မားမှုရှိသည့် ထုတ်ကုန်များထုတ်လုပ်ရေး၊ စိုက် ပျိုးရေး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီမံအုပ် ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပံ့ပိုးဖြည့်ဆည်းပေးသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအားမြေပြင်အထိကွင်းဆင်း၍ကြပ်မတ်ဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် လည်းတာဝန်ရှိသူမျာအားလုံး မှ ဝိုင်းဝန်းကူညီဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်နေသည့်လုပ်ငန်းများအပေါ် စေတနာထားကာ တာဝန်ကျေပွန်လိုစိတ်ဖြင့် ဆောင် ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ တွင်လုံခြုံရေးအသိ၊သတိတို့ဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၃/၂၀၂၄) အစည်းအဝေး၌ လမ်းညွှန်မှာကြားချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးရာဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့်မြို့နယ်များ အတွင်း အခြေခံ စားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်MSMEsလုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်အပ်နှံမှုအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊စစ်ကိုင်းခရိုင်၊ရေဦးခရိုင်၊ရွှေဘိုခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများကVideo Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့်အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းဒေသတည်ငြိမ်အေးချမ်းရေး နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့် စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇွန် ၅
၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီး ကော်မတီအဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်း လဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းဆိုင်ရာပြင်းထန်သည့် စိုးရိမ်ဖွယ်သုံးပွင့်ဆိုင် ကမ္ဘာ့အကျပ်အတည်းများ ကြုံတွေ့ နေကြရသည့်အတွက် ဖြေရှင်းဆောင်ရွက်မှုများ အရေးတကြီးလိုအပ်လျက်ရှိပါကြောင်း၊ မြေယာ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခြင်းဖြင့် မြေယာအဆင့်အတန်းလျော့ကျမှု၊ မိုးခေါင်မှုနှင့်သဲကန္တာရဖြစ်ထွန်းမှုများအားတားဆီးနိုင်ပြီး ကာဗွန်သိုလှောင်မှုအားတိုးမြင့်စေ၍ ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေမှာ ဖြစ်ပါကြောင်း၊ မြေယာ၏ ၁၅% အား ပြန်လည်ထိန်းသိမ်းပေးခြင်းဖြင့် မျိုးစိတ်များ၏ ၆၀% ကိုလည်းမျိုး သုဉ်းခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် မြေယာပြန်လည်ထိန်း သိမ်းခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်းနှင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိလူသားသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်း မှုနှင့်စားရေရိက္ခာ ဖူလုံမှုမြှင့်တင်ပေးခြင်းစသည့် ရည်မှန်းချက်ပန်းတိုင်များအား အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ရာသီဥတုပြောင်း လဲမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စဉ်များအား လျှော့ချနိုင်ရေး မြေယာပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလွန်ပင်အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် သစ်တောဖုံး လွှမ်းမှုရာခိုင်နှုန်းအား ပြန်လည်တိုးတက်စေရန်အတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနများနှင့်အတူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်း စိုပြည်မှုဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံ/အလုပ်ရုံ/လုပ်ငန်းဆု ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုဆုလက်မှတ်နှင့်ချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်းများနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ အမှုထမ်းအဆင့် ရေးဖြေစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ချီးမြှင့်ငွေများ အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ် ဆက်အားပေးကာ ခန်းမအတွင်းပြသထားသော ရေ၊ မြေ၊ လေ တိုင်းတာရေးစက်ကိ ရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ၊ဥပဒေစာအုပ်များနှင့်လှုပ်ရှားမှုမှတ် တမ်းဓါတ်ပုံများ အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



