၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဆရာတော်၊သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်းများလောင်းလှူခြင်း၊ သီလရှင်ဆရာ ကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် မုံရွာ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ
မုံရွာ၊ ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းတိုက် ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်း တိုက် ၈ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေး များအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကိုဇန်နဝါရီလ ၃၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းကျင်းပရာဆွမ်း၊ဆွမ်း ဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကြာဇံစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာ ထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ ကြာဇံစက် လုပ်ငန်းရှင်များက ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူ ဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင်ဆောင် ရွက်နေမှု များအား လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ မုံရွာတက္ကသိုလ်မှ ဆရာ၊ဆရာမများက “မုံရွာတက္ကသီလာ”တေးသီချင်း သီဆို ၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာသူများက အလေးပြုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲ များပိုမိုအဆင့်မြင့်စွာဖြင့် ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ရန်အတွက် မိမိတိုင်းဒေသကြီး အစိုး ရအဖွဲ့နှင့် မုံရွာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ အတူတကွ လက်တွဲဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက်အောင်မြင်မှုများ ဆက်လက်ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေအား လည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦီးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိကြသူများနှင့် ဒုတိယ၊ တတိယဆုရ အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေများအား လည်း ကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းဆုတံ ဆိပ်များနှင့် ငွေသားဆုငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးက အမျိုးသား၊အမျိုးသမီး ကြက်တောင်ရိုင်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦး ချင်းဆုတံဆိပ်များနှင့် ငွေ သားဆုငွေများအားလည်းကောင်း၊ မုံရွာတက္ကသိုလ် ပါမောက္ခ ချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုငွေ များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများမှ မုံရွာတက္ကသိုလ်မှ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ Fitness Dance အကနှင့် တေးသီချင်းများ ဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေဿကြီး အစိုးရအဖွဲ့ အတွင်း ရေးမှူးက မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်က ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့သည့် ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြချီးမြှင့်ငွေများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ဦးထုပ်များပေးအပ်ကာ ဆုရအားကစား သမားများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာ အခမ်း အနားနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်း ထမ
မုံရွာ၊ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းမင်္ဂလာ အခမ်း အနားကို ဇန်နဝါရီလ၂၉ရက်၊နံနက်ပိုင်းတွင်အဆိုပါစေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့ပေါ်ရှိ ပင့်သံဃာဆရာတော်ကြီးများမှ မုံရွာမြို့ သမိုင်းဝင်ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ယင်းနောက် အဆိုပါစေတီတော်ကြီးရင်ပြင်ရှိ ဘောဂရံသီဝိပဿနာဓမ္မာရုံကြီး၌ မုံရွာမြို့၊ သမိုင်း ဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်အနားသို့ တက်ရောက်လာသူ များမှ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ သည်။
ထို့နောက် နိုင်ငံတော်ဩဝါစရိယ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျယ်ချီးမြင့် တော်မူသည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သက်များက နာယူကြည်ညိုကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သမိုင်းဝင်ဆုတောင်းပြည့် စေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ ဥက္ကဌမှ သမိုင်းဝင်ဆုတောင်း ပြည့်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီးစီးမှု အဆင့်ဆင့်တို့အား ဩဝါဒါစရိယ ဆရာတော်ကြီး များထံ တင်ပြလျှောက်ထားသည်။
ယင်းနောက် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ မဟာဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံတိဌတု”သုံးကြိမ်ရွတ်ဆို ဆု တောင်းကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင်ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း ရွှေပြည့်အောင်ပွဲ ရွှေမိုးငွေမိုးများ ရွာသွန်း ဖြိုးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး စေတီတော်ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ် ရေးတို့အား ဆောင်ရွက်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဉာဏ်တော် ၁၃၅ ပေအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာ နဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ငွေ ကျပ်သိန်းပေါင်း ၂၃၀၀၀ ခန့်၊ ရွှေဆိုင်းပေါင်း – ၆၈၆၈ ဖြင့် စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ တွင် အသုံးပြုမည့်ပါဝင်ပစ္စည်းများ ပြင်ဆင်ခင်းကျင်းထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာ တရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၊ ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး လွှတ်တော်ရုံး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည် ပင်သာယာရေးအဖွဲ့များမှ စုပေါင်းထမနဲထိုးကြမည့် အသင်းများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်ခဲ့ကြပြီး တစ်ပျော်တစ်ပါး စုပေါင်းထမနဲထိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းခန်းမ အတွင်း စုပေါင်းထမနဲထိုးခဲ့ကြသည့် ဝန်ကြီးဌာနအသင်းများအား တာဝန်ရှိသူများနှင့် အတူ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်လာကြ သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူတကွ တစ်ပျော်တစ်ပါး သုံးဆောင်ခဲ့ကြောင်း သိရ သည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



