slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ ပထဝီဝင်ဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

မုံရွာ၊ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် မတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်း သား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာ သာရပ်ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသမှုအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ စာစစ်ဌာန(၃၆)ခုတွင် တက္ကသိုလ် ဝင်စာမေးပွဲ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၄၃၆)ဦး ဖြေဆိုမှုရာခိုင်နှုန်း(၉၃.၈၂)ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။

20240315 05

20240315 05

20240315 05

20240315 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲ တော်အောင်မြင် စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ မဟာသင်္ကြန်ပွဲ တော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများ ဖွဲ့စည်းတာဝန်ပေး ထားပြီး ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ယခင်နှစ်များမှ အတွေ့အကြုံများ၏ အားသာချက်၊အားနည်းချက်များအား သင်ခန်းစာရယူကာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ ကော်မတီအဖွဲ့အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ တာဝန် ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်များဖြင့် စည်စည်ကားကား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ ဆောင် ရွက်သွားနိုင်ရေး တာဝန်ရှိသူများမှ အလေးထားဆောင်ရွက် စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20240315 01

20240315 01

20240315 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.