၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
မုံရွာ၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းအပ်နှံရေးနေ့ ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း မှ ကျောင်းသား၊ကျောင်းသူများက “ မြန်မာ့ကျောင်း ” သီချင်းသီဆိုဖွင့်လှစ်ပြီးနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာ စကားပြောကြားရာတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေစွာ အချိုးကျပြောင်းလဲလာ ရန်လည်း လိုအပ်ပါကြောင်း၊ အခြေခံပညာတိုးတက်ပြောင်းလဲ ရေးတွင်အဓိကပါဝင်သည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေး၊ ဆရာ့အတတ် ပညာ၊ အရည်အချင်း၊ ရုပ်ဝတ္ထုပစ္စည်း ဖြစ်သည့် ကျောင်းတွင်း၊ကျောင်းပြင် သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန် လာ စေရေးတို့အား အမြဲတစေကြိုးစားနေရမှာ ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အခြေခံကျောင်းများမဖွင့်မီ ရက် သတ္တပတ်ဖြစ်သည့် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိအား ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်နှံရေးလက်ခံ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်လွန်ကလေးများနှင့် မူလတန်းပညာမပြီးဆုံးမီ ကျောင်း ထွက်ခဲ့ရသည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့်ကျောင်းအပ်နှံရေး အတွက်မူလတန်းအဆင့်ကိုသာမက အလယ်တန်းနှင့် အထက်တန်းအဆင့်ကိုပါ အခမဲ့သင်ယူ နိုင်ရေးအစီအစဉ်နှင့် အားဖြည့်ပေးလျှက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံ ရေးဆောင်ပုဒ်သည် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံ ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ကျောင်းသူများအားလုံး အခြေခံပညာသင် ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီး ချုပ်က ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ဗလာ စာအုပ်၊ ဘောပင်နှင့်ခဲတံများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းဝတ်စုံများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန် ကြားရေးမှူးထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့်ပျော်ရွှင်စွာ ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ အား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့်ကျောင်းဝတ်စုံများ အား အခမဲ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအပ်နှံလာရောက်ကြသည့် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုအားပေး
မုံရွာ၊ မေ ၂၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ ကျောင်းအဝင်လမ်းနှင့် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းဝန်း၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်း ခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည် ကြီးများ အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေး နှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူ များနှင့်အတူ နံနက်စာသုံးဆောင်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု အခြေအနေများ၊ကျောင်း ဆောင်အဆောက်အဦများ ကြံ့ခိုင်မှုဆောင်ရွက်ထား ရှိမှု၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်စေရေးနှင့် ကျောင်း ၏ လိုအပ်ချက်များအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၏ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက် ၍ လိုအပ်ချက်များအပေါ် ဖြည့်စွက် တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအထက်တန်း ကျောင်းဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်း အပ်နှံရေး၊ သင်ကြားရေးသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် ပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိအောင်ဆောင်ရွက် ထားရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးနှင့် သင်ကြားစီမံရေးဆိုင်ရာများကို တာဝန်ရှိသူများအနေဖြင့် လိုအပ်ချက်မရှိအောင် ဆောင်ရွက်ထားရှိရေးတို့အား မှာကြားကာ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၈၀၀ ကျော်ဖြင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



