၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ နိုင်လွန်ကတ္တရာစက်ရုံအမှတ်(၂) ဖွင့်ပွဲ တက်ရောက်
မုံရွာ၊ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၌ နိုင်လွန်ကတ္တရာစက်ရုံ အမှတ်(၂) ဖွင့်ပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် အဆိုပါ စက်ရုံတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့သည် ဘာသာ၊သာသနာ ထွန်းကားရာမြို့တော်ဖြစ်ပြီး စိမ်းလန်းစိုပြေသည့်မြို့ကြီးဖြစ်ကာ နိုင်ငံခြားခရီးသည်များလည်း များစွာလာရောက်လည်ပတ်သည့် ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံဖြိုးတိုးတက်စေ ရန်အတွက် နိုင်လွန်ကတ္တရာစက်ရုံနှင့် ဆက်စပ်ယာဉ်ယန္တရားများအား ဦးစားပေးလျာထား ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့ တွင် နိုင်လွန်ကတ္တရာစက်ရုံသစ်ကြီး တည်ဆောက်ဆောင်ရွက်ပေးသကဲ့သို့ စည်ပင်သာယာရေး အဖွဲ့များမှလည်း စနစ်တကျလုပ်ငန်းဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အား စေတနာ ထားဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့နေ ပြည်သူလူထုအနေဖြင့်လည်း ဆောင်ရွက်ပေးသွားမည့်လမ်းများအား ရေရှည်တည်တံ့ရေး၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ် များတွင် နိုင်ငံကြီးသားပီသစွာဖြင့် မိမိမြို့ရွာဒေသဖွံ့ဖြိုးသာယာစေလိုသည့်ဆန္ဒဖြင့် ဝိုင်းဝန်းကူ ညီထိန်းသိမ်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စစ်ကိုင်းမြို့၊ နိုင်လွန်ကတ္တရာစက်ရုံ အမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ည့န်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုးအောင်တို့က နိုင်လွန်ကတ္တ ရာလမ်းစက်ရုံ အမှတ်(၂)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၁ နာရီလျှင် တန် ၆၀ ဖျော် စပ်နိုင်သည့်ယတ္တရားစက်များဖြင့် နိုင်လွန်ကတ္တရာဖျော်စပ်နေမှုနှင့် စက်ရုံထိန်းချုပ်ခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တက်ရောက်လာသူများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သမ တက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းခင်းကျင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက သမတက္ကသိုလ်လမ်း အရှည် – ၅၆၀၀ ပေ၊ အကျယ် – ၃၂ ပေ၊ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများနှင့် စစ်ကိုင်းမြို့အတွင်း ဆက်လက် ဆောင်ရွက်သွားမည့် နိုင်လွန်ကတ္တရာလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ခေတ်မီစက်ယန္တရားများဖြင့် နိုင်လွန်ကတ္တရာခင်းကျင်း နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်၊ ကလေးမြို့၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(ကလေး)ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်း အဝေးခန်းမ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စိုက် ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးမှူးက ခရိုင်/မြို့နယ်များအတွင်း သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက် တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်က ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ ဒေသခံပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း ကလေးမြို့နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက် (Biometrric) ကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်အတွင်းရှိ နေအိမ်များ၌ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



