slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပ

မုံရွာ၊ ဖေဖော်ဝါရီ ၂၇

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံ တော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက် နေ့၊မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့် အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ်(၂၇/၂၀၁၀)နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေ အားပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေ ဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ထိုင်းနိုင်ငံနှင့် ဒေသ တွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံ များတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်စစ်မှု ထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဌာန်းထားပါကြောင်း၊ အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် PDF အကြမ်းဖက်သမားများနှင့် အချို့ သော EAO များသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့သောအခြေအနေမျိုးတွင် ပြည်ဖျက် အကြမ်းဖက်သမား များအားပြည်သူအားလုံးပါဝင်မှုဖြင့် ချေမှုန်းသွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊လူငယ်မရွေးတိုင်းရင်းသား ပြည် သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ် ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအင်အားအရင်းအမြစ်အနေဖြင့် တပ်မတော်နှင့်ပြည်သူ ဟန်ချက်ညီညီဖြင့် လက်တွဲပါဝင်ဆောင်ရွက်ခြင်းဖြင့် အေးစက်နေသည့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးသည် ပိုမိုအားကောင်းလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်း မနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ် မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း မှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့်ပုဂိ္ဂုလ်များ၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စစ်စည်းရုံးခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရှင်းလင်းဆွေးနွေးပွဲကို ရုပ် သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပွဲ သို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လက်ဘက်ရည်နှင့်မုန့်များ အားအတူ တကွသုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ် မိဘပြည်သူများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများအား တိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊ တမူး၊ လေရှီး၊ ဟုမ္မလင်းမြို့နယ်များတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ကျန်မြို့နယ်များနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာ များ၊ တက္ကသိုလ်၊ကောလိပ်များမှလည်း သက်ဆိုင်ရာအလိုက် ဆက်လက်ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

20240228 04

20240228 04

စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှုထမ်းဝန်ထမ်းများလုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကျင်းပ

မုံရွာမြို့၊ ဖေဖော်ဝါရီ ၂၆

(၂၆-၂-၂၀၂၄)ရက်နေ့နံနက်(၀၉၀၀)အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သော အမှုထမ်းဝန်ထမ်းများလုပ်ငန်းခွင်ဝင်သင်းတန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သူများ၊ စုစုပေါင်း (၄၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၂-၂၀၂၄)ရက်နေ့မှ (၈-၃-၂၀၂၄)ရက်နေ့အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

20240228 01

20240228 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.