၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
နယ် မြေ အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြ သောတပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် စေတနာရှင် အလှူရှင်များမှ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ ပေးအပ်
မုံရွာ၊ ဖေဖော်ဝါရီ ၂၆
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြ သောတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တပ်မတော်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည့်အတွက် ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းမှူးထံ စားသောက်ဖွယ်ရာပစ္စည်း များအားပေးအပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ထောက်ပံ့သည့် မှတ်တမ်း Video Click အားကြည့်ရှုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသော တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခြင်း အခမ်းအနားတွင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀၀၂၃၄၀၀ ၊ (သိန်း ငါးရာ နှင့် နှစ်သောင်းသုံးထောင့်လေးရာကျပ်) တန်ဖိုးရှိ စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်များထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ စား သောက်ရေးနှင့်ကျန်းမာရေးစစ်ဆေးမှုများ အဆင်ပြေစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ(တတိယအကြိမ်)ထောက်ပံ့ ခြင်းအခမ်းအနား သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့တက် ရောက်လာကြသော အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခြေ ခံစားသောက်ကုန်များအား လက်ရောက်ပေးအပ်ကြကာ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာ ရေးစစ်ဆေးပေးနေမှုများနှင့် နံနက်ခင်းစာများဖြင့်ဧည့်ခံနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
မုံရွာမြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်း ၇၂၀၀ ကျော်အား ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေလွယ်ကူလျင်မြန်စွာဖြင့် ထုတ်ယူနိုင်စေရန်အတွက် မြန်မာစီးပွားရေးဘဏ် အနေ ဖြင့် E ပင်စင်စနစ်၊ Manual စနစ်များဖြင့် ထုတ်ပေးလျက်ရှိပြီး ယနေ့အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် စားသုံးဆီ နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အလားတူဆောင်ရွက်မှုများအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များအားလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ စုပေါင်းထမနဲ ထိုးပွဲတက်ရောက်အားပေး
မုံရွာ၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်၊ တပို့တွဲလပြည့်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးဝင်း အတွင်းရှိ ချင်းတွင်းခန်းမအနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ကြသည်။
ထမနဲသည် မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သလို မြန်မာတို့၏ (၁၂)လရာသီပွဲတော် များထဲတွင် တပို့တွဲလ ထမနဲပွဲသည်လည်း ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး ဒါ့အပြင် တစ်ဦး ကောင်းတစ်ယောက်ကောင်းမဟုတ်ပဲ အများစုပေါင်းပြီး စည်းလုံးညီညွတ်စွာဆောင်ရွက်မှ အောင်မြင်သည့်အရာဖြစ်သောကြောင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းခြင်းနှင့် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ အောင်မြင်မှုသို့ ရောက်ရှိခြင်းဆိုသည့် အဓိပ္ပါယ်များဖြင့် စုပေါင်းထမနဲထိုးပွဲကို ကျင်းပခြင်းဖြစ်သည် ဟုသိရ သည်။
အဆိုပါ စုပေါင်းထမနဲထိုးပွဲတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန၊စီးပွားရေးရာ ဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ အဖွဲ့ ၉ ဖွဲ့ခွဲကာ ပြိုင်ပွဲမဟုတ်သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကောင်းသည်ထက်ကောင်းအောင် အပြိုင်အဆိုင်ထိုးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံအားပေးကြည့်ရှုခဲ့သည်။
ထို့နောက် ချင်းတွင်းခန်းမအတွင်း၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အတူ စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်လာသူများမှ ထိုးထားသည့်ထမနဲများအား ချစ်ကြည်ရင်းနှီးစွာ အတူတကွ စားသုံးရင်း ရိုးရာထမနဲပွဲကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



